Blogger Widgets

Friday, May 31, 2013

“ဦးအောင်ဇေယျ ငိုချင်းချ"


ကျော်သောင်း
(ရွှေလုပ်သားဂျာနယ်တွင် ဖတ်မိပြီး ကြိုက်နှစ်သက်သဖြင့် ကူးယူဖော်ပြပါသည်)

ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအလုပ်သမားနည်းတူ အခွင့်အရေးတွေရမယ်၊ ထိုင်းနိုင်ငံအတွင်းမှာ လွတ်လွတ် လပ်လပ် ခရီးသွားလာခွင့်ရမယ် ဆိုတဲ့ မက်လုံးတွေကို ထိုင်းနဲ့ မြန်မာ အစိုးရတွေက ကတိတွေပေး ခဲ့ကြတာကြောင့် အေးအေးချမ်းချမ်း အလုပ်လုပ်ချင်ကြတဲ့ မြန်မာအလုပ်သမားပေါင်း သန်းချီပြီးတော့ အလုပ်သမားပတ်စပို့ကိုလုပ်ခဲ့ကြတယ်။ မြန်မာပတ်စပို့ (အနီနဲ့ခရမ်းရောင် စာအုပ်တစ် အုပ်ကို ဘတ်ငွေ ၇၅၀/၈၅၀)နဲ့ ယူတဲ့ မြန်မာအစိုးရ လည်း ဘတ်ငွေဘီလီယံနဲ့ချီပြီး နိုင်ငံ ဘဏ္ဍာရရှိခဲ့တယ်။

သွေးစစ်ခ၊ အလုပ်လုပ်ခွင့် work permit ခ နဲ့ ပြည်ဝင်ခွင့်ဗီဇာခတွေကိုလည်းထိုင်းအစိုးရ တနင့်တပိုး ရရှိကြတယ်။ဒါ့အပြင်ရက်၉၀ ပြည့်တိုင်းဧည့်စါရင်းတိုင်လ၀ကတံဆိပ်တုံးထုခြင်းနဲ့ ၂ နှစ်တစ် ကြိမ်နေ ထိုင်ခွင့်ပြန်လုပ်ရတဲ့ကိစ္စရပ်ကြီးကလည်းစားလို့ မကုန်ယူလို့မခန်းထားလို့ မကုန်အောင် မြန်မာတွေ ဆီက ရရှိ တယ်။ တရားဝင်ပေါက်ဈေးဆိုတာ သတင်းမီဒီယာတွေမှာသာ ရှိကောင်းရှိပေမယ့် တကယ့်အပြင် မှာပေါက် ဈေးက ပတ်စပို့စာအုပ်နဲ့ wp လုပ်ခ ကုန်ကျငွေက ဘတ်ငွေ တစ်သောင်းခွဲ ထက်မလျှော့ဘူး။
ကျေးကျွန်သဖွယ်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမှရရှိကြတဲ့ မြန်မာအလုပ်သမားတွေရဲ့လုပ်အားခ ချွေးနှဲစာတွေ ထိုင်းမှာ ဖိတ်စင်ကုန်တယ်။ အစိုးရ ၂ရပ်နဲ့ နီးစပ်တဲ့လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေအတွက်တော့ တစ် သက် စာဖူလုံလောက်အောင်ကို အမြတ်ငွေတွေပိုက်မိခဲ့ကြတယ်။ လက်ရှိမှာ မြန်မာအလုပ်သမားတွေ လွတ်လပ်ခွင့်အထူးနည်းပါးပါတယ်။ အထူးသဖြင့် လမ်း သွားနေတဲ့ မြန်မာအလုပ်သမားကိုပတ်စပို့ပါရုံနဲ့မရတော့ဘူး။wpပါမှ ထောရောပါမှ၊ သွေးစစ်လက်မှတ်ပါမှ၊ဆိုပြီးအမျိုးမျိုးအကြောင်းပြပြီး ဖမ်းဆီးငွေတောင်းပါတယ်။ အားလုံးစုံရင်တောင်မှ မုန့်ဖိုးဆိုပြီး တောင်းပါသေးတယ်။ ခရီးသွားလာခြင်း ကိစ္စဆိုတာ ပတ်စပို့စာအုပ် တစ်ခုတည်းနဲ့ပြီးစီးသင့်ပါတယ်။ ဒီအဖြစ်အပျက်တွေကို မြန်မာနဲ့ ထိုင်းအစိုးရတို့ သိရှိကြပါတယ်။

နိုင်ငံတကာစံချိန်စံညွန်းအရ ပုလိပ်ဆိုတာကလည်း(ပြောရင်မကောင်းဘူး) ညစ်ပတ်မှုမျိုးစုံနဲ့ ရှာ
ဖွေခြိမ်းခြောက် တောင်းရမ်းမှ ဗိုက်ပြည့်တဲ့အမျိုးမို့ အပေါ်ယံအလွှာက အိပ်ဖေါင်းတဲ့အစီအစဉ်ချမှတ် လိုက်တော့ လမ်းမှာမြင်သမျှ ဗမာအလုပ်သမားတွေမှာ ပတ်စပို့ကိုယ်စီနဲ့ ဖြစ်နေတော့ခါ ရတဲ့နည်းနဲ့ ညစ်ပတ်တောင်းစားကြရတော့တာပေါ့။

မဟာချိုင်၊ မဲဆောက်နဲ့ ဘန်ကောက် တို့မှာ ပတ်စပို့ရှိလျှက်နဲ့ ထိုင်းပုလိပ်ကိုငွေပေးနေရသူ
တွေ၊ အချုပ်ခန်းထဲကို ၀င်နေရတဲ့သူတွေနဲ့ လက်ထိပ်အခပ်ခံရတဲ့မြန်မာတွေ နေ့စဉ်နဲ့အမျှ ရှိပါတယ်။လွတ်လွတ်လပ်လပ်မှ ခရီးသွားလာဖို့ အာမခံချက်မရှိ ဖြစ်နေတဲ့ ဒီပတ်စပို့ဟာ ဘတ်ငွေ တစ်သောင်းကျော်အကုန်ခံပြီးလုပ်ထားပေမယ့် ပုလိပ်အော့ကြောလန် ပတ်စပို့ဖြစ်နေတာတော့ အသေအချာပဲဖြစ်တယ်။

ထိုင်းပုလိပ်တွေ ဘယ်လောက်ပဲညစ်ပတ်ညစ်ပတ် ဘယ်လောက်ပဲ တောင်းစားတောင်း စားပတ်စပိုလက်ဝယ်ရှိကြတဲ့ မြန်မာအလုပ်သမားရာပေါင်းများစွာတို့ဟာ နေရပ်ရင်းကိုနေ့တိုင်း ပြန်နေကြပါ တယ်။ အလုပ်သမားတွေဟာ ထိုင်းကိုပြန်လာဖို့အတွက် re-entery လို့ခေါ်တဲ့ ပြန်လည် ပြည်ဝင်ခွင့် ဗီဇာ ကို ဘတ်ငွေ ၁၂၀၀ အကုန်ခံပြီး လုပ်သွားကြရပါတယ်။ အသွားရောအပြန်ပါ မဲဆောက်အထွက် ကနေ တောင်ပေါ်အထိ ဂိတ်ပေါင်း ၇ဂိတ်မှာ အလုပ်သမားတိုင်း ငွေပေးကြရပါတယ်။ အယင်တုန်းက ၃ဂိတ်သာရှိ ပါတယ်။ ယခု ကောက်စားလို့ရမှန်းသိတော့ ၇ဂိတ်အထိ တိုးချဲ့လိုက်ဟန်တူပါတယ်။

အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ ပြည့်စုံသည်ဖြစ်စေ မစုံသည်ဖြစ်စေ တစ်ဂိတ်ကို ဘတ်ငွေ တစ်ရာစီပေးကြရပါတယ်။ မပေးလို့ ပြောတဲ့အလုပ်သမားကတော့ ကားပေါ်က ဆွဲချခြင်းခံရပါတယ်။
ထိုင်းလူမျိုးတွေဟာ ထိုင်းပုလိပ်တွေ လဘ်စားတာ မတရားငွေယူတာကို သိတယ်။ ထိုင်းမီဒီယာ
တွေမှာ ဖေါ်ထုတ်တာကို တွေ့ကြရမှာဖြစ်တယ်။ အားရဖို့ အလွန်ကောင်းတဲ့ဖေါ်ထုတ်မှုတွေပေါ့။ ခု ကောက် စားခံနေရာက မြန်မာအလုပ်သမားတွေ ဆိုတော့ ထိုင်းဘက်က တော်ရုံနဲ့ မဖေါ်ထုတ်တာတော့ သေချာပါ တယ်။ ကျနော်တို့ မြန်မာအစိုးရနဲ့ ဘန်ကောက် မြန်မာသံရုံးကကော မြန်မာအလုပ်သမားအရာရှိတွေပါ ဒီဖြစ်ရပ်တွေကို မကြားဘယ် ရှိမလဲနော့။ ပတ်စပို့နဲ့ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေ ကတော့ ဒို့မြန်မာ အစိုးရ ဒီဖြစ်ရပ်တွေအပေါ် ဘယ်လောက်အထိ လက်ဝါးစောင်းထက်မလဲလို့ မျှော်လင့်နေကြတယ်။

မြန်မာသမိုင်းဆရာမ ဒေါက်တာမတင်ဝင်း ရေးတဲ့စာအုပ်တစ်အုပ်မှာ ဆိုရင်“ထိုင်းဆိုတာ ငယ်နိုင်ဖြစ်တယ် ၀ါးရင်းတုတ်နဲ့အချိန်မရွေးတက်သိမ်းလို့ ရတယ်လို့”ဖေါ်ပြခဲ့တာမှတ်မိ
ပါသေးတယ်။ လက်ရှိအခြေအနေမှာ ဒီအရေးအသားကို ဖတ်မိသူတိုင်း ဟားတိုက်ရည်ကြမလားပဲ။
ဦးအောင်ဇေယျ တို့ ရှေ့မြန်မာဘုရင်တွေ ခေတ်တုန်းကရော ကိုလိုနီနယ်ချဲ့ခေတ် တလျှောက်လုံးမှာပါ အကျိုးစီးပွားအတွက် တိုင်းပြည်တွေကို သိမ်းပိုက်ပြီးတော့ ကျွန်ပြုခဲ့ကြတယ်။

၁၉ရာစု၂၀ ရာစုမှာတော့ ကြီးပွားလိုကြတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံတစ်နိုင်ငံကို ကျွန်ပြုဖို့အတွက် အတွက် ကျည်တစ်တောင့် ဖေါက်စရာမလို။ ခေတ်နဲ့လျော်ညီတဲ့စနစ်ကိုပါးနပ်လိမ္မာစွာနဲ့ ကျင့်သုံးကြတယ်။ မူဝါဒတွေကိုချမှတ်ကြတယ်။ ကမ္ဘာကြီးကိုလှမ်းမျှော်ကြည့်ကြတယ်။ အမှောင်ထဲမှာမနေ၊ အလင်းရောင်ကို ရှာကြတယ်။ ဒါကြောင့်ထင်ပ။ မြန်မာတစ်နိုင်ငံလုံးဟာ ထိုင်းလူမျိုးတွေဆီမှာ အိမ်ဖေါ်လုပ်ပါရစေ၊ အိမ်သာ ဆေးပါရစေ၊ မာလီ ကုန်ထမ်း သားသတ်သမားတွေ လုပ်ပါရစေ၊ အနိမ့်ကျဆုံးအလုပ်တွေကို တရားဝင် ကျွန်လုပ် ပါရစေ ဆိုပြီး ထိုင်းကိုလာလိုက်ကြတာ ခုတော့ သုံးလေးသန်းကျွန်ဖြစ်နေပြီ။ ထိုင်းမှာ အလုပ်လုပ် မှ မိသားစု ထမင်းနပ်မှန်တဲ့အနေအထားကို မြန်မာနိုင်ငံသားတွေရောက်ရှိခဲ့ပြီ။

ယခုလက်ရှိ အုပ်ချုပ်နေတဲ့ နေပြည်တော် အစိုးရဆိုတာ သတ္တိပြောင်ကြသူတွေဖြစ်ကြတယ်။ ဗန္ဓုလသွေး,ဘုရင့်နောင်သွေး, မင်းရဲကျော်စွာသွေးနဲ့ တပင်ရွှေထီးသွေးတွေ ကျန်နေသေးတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီမိုကရေစီအစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တရားဝင်ကျွန်လုပ်ခွင့်ပတ်စပို့စာအုပ်လုပ်ထားလျှက်နဲ့ထိုင်းလူမျိုးတွေ အနိုင်ကျင့်ချင်တိုင်းကျင့်တာလက်ပိုက်ကြည့်နေမယ်၊ဆက်ပြီးတော့ မြန်မာ အလုပ်သမားတွေ ခံနေရမယ်ဆိုရင်တော့ အလောင်းဘုရား ဦးအောင်ဇေယျ တမလွန်က သိသွားခဲ့ရင် မင်းတို့ကြောင့် ငါသိက္ခာကျတယ်လို့ ပြောပြီး ငိုချင်းချနေမလားပဲ။ ။

No comments:

Post a Comment