Blogger Widgets

Monday, April 1, 2013

ရေကျော်ဗလီမီးလောင်


Published on Apr 1, 2013
ဗိုလ်တထောင်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦးခန့် သေဆုံး၊ မီးအားမြှင့်စက်မှတစ်ဆင့် ၀ါယာရှော့ဖြစ်ပွားပြီး လောင်ကျွမ်းခဲ့ခြင်းဟု မီးသတ်မှပြောကြား
 -----------------------------------------------------------------------------------------------------------------
ဗိုလ်တထောင်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် မီးလောင် ကျွမ်းမှုကြောင့် လူ ၁၃ ဦးခန့် သေ ဆုံး သည် ဟု သိရသည်။ မီးအားမြှင့်စက်မှတစ်ဆင့် ၀ါယာရှော့ဖြစ်ပွားပြီး လောင်ကျွမ်းခဲ့ခြင်းဟု မီးသတ်မှ ပြောကြားသည်။
၄၈လမ်းမီးလောင်မှုအပေါ် ကောလာဟာလထွက်ပေါ်နေမှုများအား မယုံကြည်ကြရန် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် မေတ္တာရပ်ခံထားသည်။
"မီးသတ်တပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့များ အချိန်မီရောက်သွားခဲ့ပြီး အချို့တံခါးတွေပိတ်ထားလို့ ချိုးဖျက် ပြီး မီးငြိမ်းသတ်ခဲ့ရတယ်လို့ လည်း သိရပါတယ်။


ဒီဖြစ်စဉ်ကို ဘာသာရေးပဋိပက္ခပုံစံအဖြစ် အင်တာနက်သတင်းအချို့ တက်နေတာကို လုံးဝ မယုံကြ ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဒီသတင်းကို မြန်မာ့အသံ မနက်၈ နာရီသတင်းမှာ တင်ပြပေးပါ့မယ်။ ရဲဇာနည် ၀က်ဘ်ဆိုက်မှာ လည်း တင်ပေးနေပါတယ် ။

မီဒီယာများကလည်းသတင်းမှန်ထုတ်လွှင့်ပေးဖို့နဲ့ ကောလာဟလများကို ချေဖျက်ပေးကြဖို့ မေတ္တာရပ်ခံအပ် ပါတယ်"
ဟု ဦးရဲထွဋ်က မေတ္တာရပ်ခံထာခြင်းဖြစ်သည်။
------------------------------------------------------------------------------------------------------------------

မီးအားမြှင့်စက်အပူလွန်ကဲရာမှရေကျော်ဗလီမီးလောင်ရာ ၁၃ဦးသေဆုံးခဲ့အဖြစ်မှန် သတင်းများ ကိုအချိန်နှင့်တပြေးညီထုတ်ပြန်ပေးမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနပြော ကြား

ရန်ကုန်။ ။ဧပြီ ၂ရက် ယနေ့နံနက် (၃)နာရီခန့်တွင် ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းရှိ ဆော် ဒီကီးရား ရေကျော်ဗလီတွင် ၀ါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၁၃)ဦးသေဆုံး ခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
ဗလီအတွင်းတပ် ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲကာမီးလောင် ကျွမ်းမှု ဖြစ် ပွားခဲ့ရကြောင်း ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့တို့စစ်ဆေး သိရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည်ဖေ့စ်ဘုတ်သတင်းတွင် ဖော်ပြထားသည်။
မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီး တို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ် မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
နောက်ဆုံးဝင်ရောက်လာသော သတင်းများအရ ပျောက်ဆုံးနေသူ (၄)ဦးကိုလည်း မည်သည့်ဒဏ်ရာမျှမရှိ ဘဲ နံနက် (၇)နာရီခန့်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်းသတင်းရရှိသည်။
“မီးလောင်မှုဟာ မီးအားမြှင့်စက်ကြောင့်လောင်ကျွမ်းရခြင်းဖြစ်ပါတယ်။ထွက်ပေါက်ကလဲ တစ်ပေါက်ပဲရှိတဲ့ အတွက် အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးရတာပါ။မီးငြိမ်းသတ်ရာမှာလဲ အခက်အခဲရှိခဲ့ပါတယ်” ဟု မီးသတ် ဦးစီးဌာ န ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့မှူးဦးကြည်ဝင်းက ရန်ကုန်တိုင်းသတင်းစာ သို့ ပြောကြားသည်။
“ယခုဖြစ်စဉ်ဟာ ၀ါယာရှော့ဖြစ်ပြီးလောင်ကျွမ်းတာဖြစ်ကြောင်း သိရှိထားပါတယ်။အချို့သောသတင်းများနဲ့ ကောလဟာလတွေကို မယုံကြဖို့လိုပါတယ်။အားလုံးဟာ တံခါးတွေအလုံပိတ်ပြီးအိပ်ပျော်နေကြလို့ အချို့ တံခါးတွေချိုးဖျက်ပြီး မီးငြိမ်းသတ်ကယ်တင်ပေးခဲ့ရပါတယ်။ကျွန်တော်တို့ပြန်ကြားရေးအနေနဲ့ မြန်မာ့ ရုပ်မြင်သံကြား သတင်း နံနက်(၇)နာရီသတင်းမှာ အဖြစ်မှန်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းမှန်တွေ ဆက်လက်ရရှိလာတာနဲ့အမျှ MRTV ရဲ့ တစ်နာရီခြားသတင်းအစီအစဉ်တွေမှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်။” ဟု ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးနှင့် နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရ ဦးရဲထွဋ်က ရန်ကုန်တိုင်းမ်သတင်းစာသို့ပြောသည်။

-------------------------------------------------------------------------------------------------------
ရန်ကုန်ဗလီကျောင်း ၀ါယာရှော့ခ်ကြောင့် မီးလောင် ကလေး ၁၃ ဦးသေဆုံး

Tuesday, April 2, 2013

အင်္ဂါနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ရန်ကုန် ၄၈ လမ်း အထက်ဘလောက်မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညအချိန် မီးလောင်တာကြောင့်ရော၊ ဘာသာရေး တင်းမာမှုတွေရှိချိန် ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်တာကြောင့်ရော ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ရှားရှား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင် ခဲ့တယ်လို့ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“၄၈ လမ်း။ ၁၀ ရပ်ကွက်မှာပါခင်ဗျ။”

မေး။ ။ မူဆလင်စာသင်ကျောင်းလို့ ပြောပါတယ်။ ဟုတ်လားခင်ဗျ။
“ဟုတ်ကဲ့ ဗလီနဲ့ စာသင်ကျောင်း တွဲလျက်ပါခင်ဗျ။ မီးလောင်တာက ခဏလေးပါခင်ဗျ။ မကြာပါဘူးခင်ဗျ။ ငြိမ်းသွားပါပြီခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်မီးလောင်တာလဲခင်ဗျ။ ဘာကြောင့်ဖြစ်တယ်လို့ သိရပါလဲ။
“မီးအားမြှင့်စက်ကနေ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တာပါ။ မီးအားမြှင့်စက် အပူရှိန်လွန်ပြီးတော့ ဖြစ်သွားတာပါခင်ဗျ။”

မေး။ ။ လူ အသေအပျောက်ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ အဲ့ဒါကတော့ စာရင်းက စိစစ်နေတုန်းပဲခင်ဗျ။”

မီးလောင်တဲ့ စာသင်ကျောင်းမှာ မိဘမဲ့ကလေးငယ် ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တိုက်လှေကားမှာရှိတဲ့ မီးအားမြှင့်စက်ကနေ စတင် လောင်ကျွမ်းတာကြောင့် ကလေးတချို့ ပိတ်မိပြီး သေဆုံးခဲ့ကြတာလို့ တာဝန်ကျ မီးသတ်အရာရှိတဦးက အဲ့ဒီ ဖြစ်ပျက်တဲ့နေရာမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ ကလေးတွေက ဆင်းပြေးလာတယ်။ အဲ့တော့ အားလုံးပေါင်းက ၅၀ ကျော် ၆၀ လောက်ရှိတယ်။ ကျနော်တို့က အောက်ကို ငြိမ်းပြီးတော့မှ အပေါ်တက်တဲ့အခါမှာ အလောင်းတွေကို တွေ့တယ်။ လောင်တဲ့ အကြောင်းရင်းကတော့ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာရှိတဲ့ လှေကားနားမှာ မီးအားမြှင့်စက်ရှိတယ်။ အဲ့ဒီမီးအားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ အဲ့ဒီကနေ မီးအများဆုံးလောင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှ လှေကားပေါက်ကို ပိတ်နေ ပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေဆုံးရ တာပါ။ သေဆုံးတာကတော့ အခုလောလောဆယ် ၁၃ ယောက်။ ဒဏ်ရာရတာတော့ မသိသေးဘူး။”

အသေအပျောက် စာရင်းနဲ့ပတ်သက်လို့ အတိအကျကိုတော့ ရန်ကုန်ဆေးရုံကြီးကို ဆက်သွယ်လို့ မရသေးပါဘူး။ မီးဟာလည်း နာရီဝက်လောက်ပဲ လောင်ကျွမ်းခဲ့တာ
ကြောင့် ဘေးကို ကူးစက်မှု မရှိခဲ့ပါဘူး။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ၊ အခုလို လောင်မီးကြောင့် အခြေအနေတွေ ဆိုးလာမှာကိုတော့ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
VOA
 

No comments:

Post a Comment

ရေကြည်မြို့နယ်တွင် ယနေ့ညမှာရင်ချင်းဆက်အမွှာညီအမ ခွဲစိတ်မွေးဖွါးနိုင်ခဲ့
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းမြင့် တိုက်နယ်ဆေးရုံတွင် ယနေ့သြဂုတ်လ၁၅ရက်နေ့ ည ၇နာရီ ၂၅မိနစ် အချိန် တိုက်နယ်ဆရာဝန်ဒေါက်တာနေ၀င်းထွန်းနှင့်အဖွဲ့ မှ ရင်ချင်းဆက်အမွှာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါသည်။ အမွှာမှာ မိန်းခလေးဖြစ်ပြီး မိဘများမှာ လေးမျက်နှာမြို့နယ် ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက် နှင့် အမိ ဒေါ်အေးအေးမိုး
Read More »
ရှစ်လေးလုံး ငွေရတု သဘင်ကို ပြန်ခံစားခြင်း
လနှင့်ချီပြီး အိပ်ရေးပျက်ခံကာ နှစ်မြှုပ်ခဲ့ကြရသူများ ရှိသကဲ့သို့ စိတ်ကောက်ပြီး ထွက်သွားကြ သူများကလည်း သဘာဝကျကျ ရှိခဲ့၏။ ဘယ်လိုပင် စိတ်ကောက်စေကာမူ ပွဲတော်ကြီးကို ချစ်မြတ်နိုးခြင်းဟူသော အခြေခံစိတ်ကား အတူတူပင်ဖြစ်၏။ ပွဲတော်ကြီး၏ အခင်းအကျင်းဝယ် မျောပါကာ ၀မ်းသာဝမ်းနည်း မျက်ရည်ဝဲရတာခြင်းလည်း တူပေမည်။ နိုင်ငံရေးခေါင်းစဉ်များ အသီးသီးကို နိုင်ငံရေး အခြေခံကျကျ ဆွေးနွေးနိုင်ခဲ့ကြခြင်း အတွက်လည်း ပါဝင်သူများ၊ စီစဉ်သူများ၏ ရင့်ကျက်မှုဟု ပြောရပေမည်။ သြဂုတ်လ ၆၊ ၇၊ ၈ သုံးရက်တွင် ပထမရက်၌ လူကျဲကျဲသာ မြင်ရသူများက လူထုသည် ၈၈ ကို
Read More »
တက္ကစီမောင်းပြီး ပြည်သူ့ အသံနားထောင်တဲ့ နော်ဝေးဝန်ကြီးချုပ်
ဇွန်လအတွင်းက နေကာမျက်မှန် တပ်ထားပြီး အော်စလို တက္ကစီ ယာဉ်မောင်းများ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဝန်ကြီးချုပ်သည် ပြည်သူများနှင့် အပြန်အလှန် စကားပြောဆိုခဲ့သည်။ ထိုအခြေအနေကို ကားထဲတွင် လျှို့ဝှက်တပ်ဆင်ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး ယခုအခါမှ ဝန်ကြီးချုပ်က ဖော်ထုတ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အချို့သော ခရီးသည်များကမူ ၎င်းကို မှတ်မိသွားသဖြင့် ရယ်မော နောက်ပြောင်နေသည်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ခရီးဆုံးတွင် ကားခမယူသည်ကို
Read More »
ဒေါ်နော်အုန်းလှ အပါအဝင် ၁၀ ဦးကို ဖမ်းဆီး
အဆိုပါ ဖမ်းဆီးမှုတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှ အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ ပြည်သူလူထုအား နှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူပေးရေးအတွက် မုံရွာမြို့ရှိ မြို့မဂါတ်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်သည်။
Read More »
ပုံနှိပ် ထုတ်ဝေ ဥပဒေကြမ်း ပြန်သုံးသပ်မည်ဟု ဦးရွှေမန်း ကတိပြု
သူရ ဦးရွှေမန်းက သတင်းမီဒီယာ အများစု ကန့်ကွက်နေသော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေပြီး ဖြစ်သင့်ဖြစ်ထိုက် သော ဥပဒေတရပ်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောဆိုကြောင်း သိရှိရသည်။ ဦးဇော်သက်ထွေးက “တွေ့ဆုံမှုကို ကျေနပ်အားရတယ်။ သူရဦးရွှေမန်း အပါအ၀င် လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌတွေရော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌတွေရောနဲ့ တွေ့တယ်။ လက်ရှိ မီဒီယာလောကရဲ့အခြေအနေ၊ စာနယ်ဇင်းကောင်စီက
Read More »
၈ လေးလုံး အထိမ်းအမှတ် လမ်းလျှောက်သူများကို အရေးယူမည်
၈ လေးလုံး ဂုဏ်ပြု လမ်းလျှောက် သူများသည် ခွင့်ပြုချက် မရှိဘဲ စုဝေး လှည့်လည်ခြင်း ဖြစ်သည့်အတွက် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တားမြစ်ခဲ့ကြကြောင်း၊ သက်ဆိုင်ရာက တားမြစ်ခဲ့ကြ သော်လည်း လမ်းလျှောက်သူ အင်အားစုများမှာ ခရီးဆက်ခဲ့ကြပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် လွမ်းသူ့ပန်းခွေချ အလေးပြု ခဲ့ကြောင်း၊ ခွင့်ပြုချက်မရှိ လမ်းလျှောက်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက
Read More »
ခွေးများဖမ်းဆီးပြီး တရုတ်ပြည်သို့ တင်ပို့သူ အဖမ်းခံရ
မန္တလေး ပတ်ဝန်းကျင်ရှိ ခွေးလေခွေးလွင့်များကိုလည်း လိုက်လံဖမ်းဆီးပြီး ယင်းခြံတွင် လှောင်ထားကာ တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ တရုတ်နိုင်ငံသို့ တပတ်လျှင် ခွေးကောင်ရေ ၄၀၀ တင်ပို့ကြောင်း၊ ကားတစီးလျှင် ခွေးကောင်ရေ ၂၀၀ ပါကြောင်း ဦးထွန်းလင်းက ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု သိရှိရသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ခွေးတကောင်လျှင် ကျပ် ၁ သောင်းကျော် ရရှိပြီး ခွေချောခွေးသန့်ဆိုလျှင် ကျပ် ၂ သောင်းကျော် ရကြောင်း၊ ဖမ်းဆီးထားသည့် ခွေးများတွင် အိမ်မွေးခွေးများပါလာပြီး
Read More »
၈၈ အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ကျောင်းသားကိုစိုးနိုင်ရဲ့ မိသားစုအတွက် ငွေကြေးထောက်ပံ့
အဲဒီမတ်လအရေးအခင်းမှာ RIT ကျောင်းဝင်းထဲက မြက်ခင်းပြင်မှာ မဆလအစိုးရကို ဆန့်ကျင်နေတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေကို မီးသတ်ပိုက်တွေနဲ့ပက်ပြီး လူစုခွဲတဲ့အပြင် လုံထိန်းတပ်တွေက သေနတ်တွေနဲ့ပါပစ်ခတ်လို့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ကိုမြင့်ဦးတို့ ကျောင်းသား ၃ ဦး ထိမှန်ခဲ့ရာမှာ ကိုဖုန်းမော်က ပထမဆုံးကွယ်လွန်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ကိုစိုးနိုင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုမြင့်ဦးကတော့ အသက်မသေပဲ ကျန်ရှိခဲ့ပါတယ်။
Read More »
နိုင်ငံ အကျိုးရှိမည့် သမိုင်းစိတ်ဓာတ် ရှိရန် လိုအပ် ဒေါ်အောင်ဆန်းစုကြည် ပြော
“ဘယ်စိတ်ဓာတ်မဆို အပြုသဘော မဆောင်လို့ ရှိရင် ကျမတို့ရဲ့ အသိုင်းအဝိုင်း၊ ကျမတို့ ရဲ့နိုင်ငံကို အကျိုးပေးမှာ မဟုတ်ပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လွန်ခဲ့သည့် ၂၅ နှစ်က ဒီမိုကရေစီ အရေးတော်ပုံကြီးအား မည်သို့ ထောက်ခံခဲ့သည်၊ မည်ကဲ့သို့ ပါဝင်ခဲ့သည်ကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ လေ့လာချင်စိတ်နှင့် လေ့လာတတ်သည့် စိတ် ၂ ခု ပေါင်းစပ်ထားသည့် သမိုင်းစိတ်ဓာတ် ရှိရန် လိုကြောင်း သူက ပြောဆိုသည်။
Read More »
နေပြည်တော်ဘောလုံးကွင်းမှာ အကြမ်းဖက်သူတွေကို အရေးယူတော့မယ်
ဦးခင်မောင်ထွေး(ပျဉ်းမနားက)“ဒီဖြစ်ရပ်က ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး၊ တကယ့်ကိုမဖြစ်သင့်တာ ၊ ဘောလုံးသမားချင်း ရန်ဖြစ် တာ ကတော့ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတာပေါ့ဗျာ၊ ခုံတွေရိုက်ချိုး ကွင်းထဲ ပရိသတ်တွေက ဆင်းလာ၊ ဘောလုံးသမား အချင်းချင်း ထိုးကြ၊ နည်းပြဆရာအဖွဲ့ချင်းရန်ဖြစ်ကြဆိုတာကတော့ ကျနော်ဘောလုံးပွဲကြည့်လာတာ မြန်မာပြည်မှာ နှစ်ပေါင်း ၆၀ လောက်ရှိပြီ တခါမှ မကြုံဖူးဘူးဗျ”လို့ ရှင်းပြပါတယ်။
Read More »
မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး
စကားတွေပြောရင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ကြားသိရတော့ အခုလို အိုမင်းတဲ့ ရုပ်ပေါက်နေတာ အံ့ဩစရာမရှိတော့ပါ။ ကျောင်းသားတပ်မတော်ထဲမှာ ၁၂နှစ်ကျော် ပါဝင်လှုပ်ရှားခဲ့ရတယ်ဆိုတာ တစ်ကယ့်ခရီးကြမ်းကြီးပါ။ တောထဲ၊ တောင်ထဲမှာ လက်နက် ရိက္ခာမလုံမလောက်နဲ့ သူတင်ကိုယ်တင် စစ်ပွဲတွေ ဆင်နွှဲခဲ့ရတာ၊ ရန်သူ့ကျည်ဆံနဲ့ မြေမြုတ်မိုင်းတွေကို ကြောက်ရသလို ငှက်ဖျားပိုးကလည်း ကြမ်းတမ်းရက်စက်တာ၊ အဖွဲ့အတွင်းက အုပ်စုဖွဲ့ပဋိပက္ခတွေ၊ ရန်လိုယှဉ်ပြိုင်မှုတွေ၊ မဟာဗမာဝါဒ
Read More »
သူတို့ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၈)
ကျနော် ၈၈ အရေးအခင်းတုန်းက တော်တော်ကြောက်တာဗျ၊ တော်တော်ကြောက်တယ် ဆိုတာ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျနော်က၀န်ထမ်းဗျ၊ ကျနော် ဦးသန့် အရေးအခင်းတုန်းကတော့ မကြောက်ဘူးဗျ။ ဦးသန့် အရေးအခင်းတုန်းက ကျောင်းသားဗျ။ ဦးသန့်အရေးအခင်း တုန်းက ကျနော်က လူပျိုလူလွတ်ဆိုတော့ ထောင်ထဲမှာ သွားနေရလည်း ကိစ္စမရှိဘူး၊ အထိန်းအသိမ်း ခံရတာ၊ ပြန်ထွက်လာလည်း ဘာဖြစ်လဲ ပြဿနာ မရှိဘူး။ ၈၈ အရေးအခင်းကျတော့
Read More »
အစိုးရနှင့် ABSDF ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုး
ဥက္ကဋ္ဌ ရဲဘော် သံခဲက “ဒီနေ့ကစပြီး ၂ ဘက် အပစ်ရပ်ဖို့ သဘောတူတယ်။ ဒီလိုမျိုး အပစ်အခတ် ရပ်စဲထားတဲ့ ကာလမှာ မကဒတ ရဲဘော် တွေ အနေနဲ့ ခရီးသွားလာခွင့်တွေ သဘောတူတယ်။ နောက်တခုက ၂ ဘက် စစ်တပ် သတ်မှတ်နယ်မြေတွေ အတွင်းမှာ ကျနော် တို့ တပ်ဖွဲ့တွေကို စည်းကမ်းတကျ ဆက်လက်နေထိုင်ဖို့၊ ရှေ့ဆက်ပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပ သွားဖို့ သဘောတူတယ်”ဟု သူက ဆိုသည်။ သူက ဆက်လက်ပြီး“အခု ဟာက ပြည်နယ်အဆင့်
Read More »
ဆရာကြီးဝင်းဖေရဲ့ ၈ လေးလုံးပန်းချီကား ၂၈ သိန်းနဲ့ လေလံဆွဲ
.... ဒီနေ့ မြန်မာပြည်မှာ ပြုပြင် ပြောင်းလဲရေးတွေကို ကြိုးစားပြီးတော့ လုပ်နေတယ်။ လုပ်နေတော့ အဲဒီအခြေအနေတွေကို ထည့်တွေးပြီးတော့ ကျနော်က ရေးရပါတယ်။ ကောင်းရာကောင်းကြောင်း ကျနော်ထင်တိုင်း ကျနော် စိတ်ထဲမှာခံစားချက်တွေ ရှိတိုင်း ကောက်ရေးလို့ မရပါဘူး။ ဒီ ၈ လေးလုံး ပန်းချီကား ဟာ အဲဒီနေရာမှာ ကျနော့်အတွက် အခက်ခဲဆုံးပါပဲ။ အခုရောက်နေတဲ့ နိုင်ငံရေးအခြေအနေကို၊ နိုင်ငံရေးအခြေအနေက ကောင်းတာလည်း မဟုတ်ဘူး။ မကောင်းတာလည်း မဟုတ်ဘူး။ စောင့်နေရတဲ့အခြေအနေ။
Read More »
သြဂုတ်လ (၄) ရက်နေ့က ရန်ကုန်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုံ့ဆော်ရေးပွဲ
The awareness campaign of 1988 Pro-Democracy Uprising Silver Jubilee was held at the Royal Rose restaurant in Yangon on August 4, 2013. Myanmar well-known celebrities and 1988 students generation leaders showed up at the event and promoted T-shirts and Postcards of 1988 Pro-Democracy Uprising memorial.
Read More »
သူတို့ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ
ရင်ဘတ်က ဖောင်းချည်၊ နိမ့်ချည်ဖြစ်နေတဲ့ ကလေးမလေးကို တွေ့လိုက်တယ်။ ကျနော် အဲဒီကောင်မလေး နားကို ကပ်လိုက်တဲ့အခါမှာ “အစ်ကိုရယ် … ကယ်ပါဦး” လို့ ဆိုတော့ “အစ်ကိုတို့က ကယ်ဖို့လာတာ၊ စိတ်ချ၊ ဘာမှမဖြစ်စေရဘူး၊ စိတ်တင်းထား” လို့ အားပေးလိုက်ပြီး အနားမှာရှိနေတဲ့ ကိုစောလွင်က ခြေထောက်က၊ ကျနော်က လက်မောင်း ၂ ဘက်ကနေ ကိုင်လာရင်း အရေးပေါ်ကားဆီကို သယ်လာတယ်။ အဲဒီလို သယ်နေတဲ့ အချိန်မှာ ဖျတ်ခနဲ မီးတချက် ပွင့်သွားတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ဓာတ်ပုံမရိုက်နဲ့၊ ဓာတ်ပုံရိုက်ရင် ပစ်မယ်ဆိုတဲ့ အမိန့်
Read More »
နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား
ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော် သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။
Read More »
ကျောင်းများတွင် မဖွယ်မရာ မလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်းကျပ်စွာ ကိုင်တွယ်မည်
တက္ကသိုလ်အသီးသီးနဲ့ ကျောင်းတွေ ကိုလည်း ကျောင်းသား၊ ကျောင်းသူတွေ မဖွယ်မရာ ကိစ္စတွေလုပ်တာ တွေ့ရင် ထိထိရောက်ရောက် အရေးယူဖို့နဲ့ သက်ဆိုင်ရာ မိဘဆွေမျိုးတွေကိုပါ အသိပေး အကြောင်းကြားဖို့ ညွှန်ကြား ထားပါတယ်။ မကြာသေးခင်က နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူစုံတွဲသည် ကျောင်း၌ မဖွယ်မရာ ပြုလုပ်သည့်ဖြစ်ရပ် လူသိရှင်ကြား ဖြစ်ပျက်ခဲ့သည့်
Read More »
လူရွှင်တော်ပါပါလေးကွယ်လွန်
နာမည်ကြီးလူရွှင်တော်ဦးပါပါလေး ဒီနေ့ ခင်း ၁နာရီက ကွယ်လွန်သွားပါတယ်။ လူရွှင်တော်ဦးလူမော်က" ဦးပါပါလေးက ဆီးနဲ့ ကျောက်ကပ်ပေါ့ခင်ဗျား။ ၁လပိုင်းလောက်ကတည်းကစဖြစ်တာ။အဲဒါမကြောက်တရားလှည့်ဟောလိုက်၊ပွဲသွားကလိုက်။စည်းရုံးရေးဆင်းလိုက်၊ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်းမသိဘူး။ကျောက်ကပ်မကောင်းမှန်းလည်းမသိဘူး။ နေ့ ခင်း ၁နာရီမှာဆုံးတယ်။" လို့  ပြောပါတယ်။ဦးပါပါလေးဟာထောင်သုံးကြိမ်ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်။
Read More »
ကန်-မြန်မာစစ်ရေးဆက်ဆံမှု အချိန်စောသလား
မြန်မာနိုင်ငံနဲ့ အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အခုနောက်ဆုံး စစ်ရေးအရ ထိတွေ့ ဆက်ဆံမှုတွေ စတင်ဆောင်ရွက်ဖို့ ကြေညာလိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဖြစ်လာစေဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ၊ လူ့အခွင့်အရေး ကိစ္စတွေမှာ အစပျိုး ဆောင်ရွက်မယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အချိန်မတန်သေးတဲ့ လုပ်ရပ်အဖြစ် မြင်နေကြတာပါ။
Read More »
မြ၀တီတွင် နှစ်၅၀ အတွင်းအမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိ
ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတာ ၃ ရက်ရှိပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ မှာ ရေဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမယ့် ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်
Read More »
မြန်မာ့ကြွေး ဒေါ်လာသန်း ၅၅၀ လျှော်ဖို့ ပြင်သစ်သဘောတူ
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးပွဲတခုကို သူ တက်ရောက်ခဲ့တဲ့အကြောင်း၊ အဲဒီ သဘောတူညီချက်အရ ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကို လျှော်ပစ်ပြီး ကျန်ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကိုလည်း အတိုးနှုန်း သက်သက်သာသာနဲ့ အရစ်ကျ ပေးဆပ်ဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပဲရစ်ကလပ် အစည်းအဝေးအတွင်း သဘောတူညီထားခဲ့တဲ့အကြောင်း၊" ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
Read More »
သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ယူ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ ဇူလိုင်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ မှာ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လက်ရှိ နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆီကနေ လွှဲပြောင်းရယူလိုက်ပြီ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာရေးကော်မတီတရပ် ဖွဲ့ပြီး စတင်လုပ်ဆောင်နေချိန်မှာပဲ အခုလို ပြည်ထောင်စုလွှတ်တော် နာယက အပြောင်းအလဲ ဖြစ်လာတာပါ။
Read More »
သူတို့ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ - ၃
ဒါပေမယ့် ဘီအိုစီလမ်းဆုံက ဧရာဝတီရုပ်ရှင်ရုံ နားလည်းရောက်ရော ထောင်ထွက်တွေပါတဲ့ လူအုပ်ကြီးက ကားပေါ် အတင်း တက်လာကြပြီး ကားကိုရပ်ခိုင်း၊ ခေါ်လာတဲ့ လူတွေကို ဆွဲချပြီး ခေါင်းဖြတ် သတ်တော့တာပဲ။ ကာတဲ့သူတွေက အန္တရာယ် ရှိတော့မှာမို့လို့ နောက်ဆုတ်လိုက်ပြီး ရပ်ကြည့်နေ ကြရတယ်။ ဓားတွေ၊ တုတ်တွေ၊ ဂျင်ကလိတွေ ကလည်း ဘေးနားမှာ အဆင်သင့် ကိုင်ထားကြတော့ ၀င်တားတဲ့ သူကိုပါ လုပ်မယ့်ပုံစံတွေ။ ဘေးက လူတွေကလည်း “အကုန်လုံးသတ်၊ သတ်ကြ၊ သတ်ပစ်လိုက်” လို့ ၀ိုင်းအော်နေတယ်။
Read More »
မြန်မာပြည်မှာ ထောက်လှမ်းရေးက အသက်ဝင်နေဆဲ
မြန်မာ အစိုးရသစ်က ပြည်သူများကို ပို၍လွတ်လပ်သော ဘ၀ကို ရစေမည်ဟု ကတိပြုခဲ့သည်မှာ ၂ နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း အရပ်ဝတ်နှင့် အစိုးရထောက်လှမ်းရေးအဖွဲ့တွေ ရောက်လာနေဆဲဖြစ်ပြီး ဘယ်ကိုသွားသလဲ၊ ဘယ်တော့ပြန်လာမှာလဲ စသည်ဖြင့် မေးမြန်းနေကြဆဲဖြစ်သည်။ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများ၊ စာရေးဆရာများ သာမက သံတမန်များသည်ပင်လျှင် သူတို့ စောင့်ကြည့်ခံ နေရကြောင်း သိကြသည်။ ဆိုင်ကယ်နှင့် နောက်က လိုက်သည်။
Read More »
“ကျမက ဘာမှမတတ်နိုင်တဲ့ မိခင် တယောက်ပေါ့”
အိမ်ထောင် ကွဲသွားလို့ အားမငယ်ပါဘူး။ ကျမ ဘဝကိုလည်း ကျမ အဆုံးရှုံး မခံနိုင်ပါဘူး။ အနုပညာနဲ့ အသက်ရှင်နေတဲ့ သူအနေနဲ့ မိန်းမကြီး သဘောမျိုးလည်း မသတ်မှတ်ဘူး။ မိန်းကလေး လူငယ်တယောက်လို့ပဲ သတ်မှတ်ပါတယ်။ ကျမ အတွက်က အနုပညာနဲ့ဘဝ၊ ကျမ လန်းဆန်းနေမှ ဘဝက ပြည့်စုံမှာ။ စီးပွားရေးလည်း ဝါသနာမပါတော့ အနုပညာနဲ့ ပတ်သတ်ပြီး အမြဲ Update ဖြစ်ဖို့ပဲ ကြိုးစားပါတယ်။ ကလေး ကျောင်းစရိတ်နဲ့ ရှိသမျှအရာရာ အကောင်းဆုံးဖြစ်ဖို့ သူ့အတွက်ပဲပေါ့။ အစစ အရာရာကောင်းဖို့ ကြိုးစား လုပ်ကိုင်ပါတယ်။ နာမည် ကြီးဖို့ထက် ကလေး ကိစ္စ
Read More »
Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 Next