Sunday, February 24, 2013

ဓမ္မစက္ကမုဒြာရုပ်ပွားတော်

ပုဂံကျောက်ဂူဥမင်မှပျောက်ဆုံးသွားသော ဗုဒ္ဓရုပ်ပွားတော်

ပုဂံကျောက်ဂူဥမင်မှပျောက်ဆုံးသွားသောဗုဒ္ဓရုပ်ပွားတော်အားမြန်မာနိင်ငံသို့ပြန်လည်ပေးအပ် ရန်ကုန်-ဖေဖော်ဝါရီ၂၄ 
၁၉၈၉ခုနှစ်တွင် ပုဂံကျောက်ဂူ ဥမင်မှ ပျောက်ဆုံးသွားသော ဗုဒ္ဓရုပ် ပွားတော်အစိတ်အပိုင်းအား မြန်မာနိင် ငံ သို့ ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ၃နာရီတွင် အမျိုးသားပြတိုက်တွင်ပြုလုပ်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အစိတ်အပိုင်းသည် ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိင်ငံသို့ရောက်ရှိခဲ့ခြင်းဖြစ် သည်။ ဗုဒ္ဓရုပ်ပွားတော်အစိတ်အပိုင်းမှာ ၁၉၇၅ခုနှစ်က နှစ်ပိုင်းပြတ်သွားခဲ့ပြီးအပေါ်ပိုင်းမှာ ခိုးယူခံ ခဲ့ရခြင်း ခံခဲ့ ရ ကာ အောက်ပိုင်းကို ပုဂံပြတိုက်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဗုဒ္ဓရုပ်ပွားတော် အမည် မှာ ဓမ္မစက္ကမုဒြာရုပ်ပွားတော်ဖြစ်ပြီးသဲကျောက်ဖြစ် ပြုလုပ်ထားသောလက်ရာဖြစ်သည်။
 ဝေမာထွန်း 

No comments:

Post a Comment