Blogger Widgets

Monday, December 24, 2012

လဒနှင့် အင်တာဖြီးခြင်း

  [သွန်းနေစိုး]
မေး - အိုင်ဆေး မစ္စတာလဒ။ ခဏလေးနေပါဦး အင်တာလေး ဗျူးပါရစေ။
ဖြေ - အာရုံပဲကွာ၊ ကဲ ကဲ။ ပြော ပြော။ ဘာမေးမှာလဲ။

မေး - ခင်ဗျားတို့ ဒီကို ဘယ်နှစ်ကောင်လာကြတာတုန်း။
ဖြေ - လာတုန်းကတော့ အကောင်၂၀။ ကျန်တဲ့ကောင်တွေက မြန်မာသံရုံးမှာ တုံးထုနေတာ စိတ်မရှည်လို့ ကျန်ခဲ့ကြတယ်။

မေး - ခင်ဗျားတို့ ဘာကိစ္စလာတာတုန်း။
ဖြေ - ဟာ ငါတို့က ဆောင်းခိုငှက်တွေလေ။ ဒီလိုပဲ ရေပြောင်း မြေပြောင်းလာမိတာပါကွာ။ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အထင်တော် မလွဲလိုက်ပါနဲ့။
မေး - ဒါတော့ ဒါပေါ့ဗျာ။ အခု ခင်ဗျားတို့ လာလိုက်တော့ ဂျာနယ်တွေ အလုပ်များကုန်ပြီဗျ။
ဖြေ - ဟေ ဟုတ်လား။ ဒါဆို ငါတို့ ဂျာနယ်ကျော်ကြီးတွေ ဖြစ်ပြီပေါ့။

မေး - ဟုတ်ပဗျာ။ ဒါနဲ့ ခင်ဗျားတို့က နိမိတ်မကောင်းဘူးဆို
ဖြေ - မင်း ... ဘယ်သူပြောတုန်း။

မေး - ဒီလိုပဲပေါ့။ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်က ...။
ဖြေ - နင့်ဘိုးအေ။ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်ပါလား။ ငါတို့လဲ ငှက်ပဲဟာ ဘာနိမိတ် မကောင်းတာတွေ ကောင်းတာတွေ ရှိရဦးမှာလဲ။ မင်းတို့ကွာ ငှက်ချင်းတူတူ ဇီးကွက်ကျတော့ လာဘ်ကောင်ဇီးကွက်တဲ့။ နိမိတ်ကောင်းတယ်တဲ့။ နာမည်ကိုက စဉ်းစားကြည့်စမ်း။ ဇီးတွေကို လိုက်ကွက်တာ။ ကိုယ်ဝန်ဆောင် မိန်းမတွေအတွက် ဘယ်လောက်ဆိုးလိုက်မလဲ။

မေး - ဟေ့ လဒ။ ခင်ဗျား မဆိုင်တာတွေ လိုက်မပုတ်ခတ်နဲ့လေ။ ခင်ဗျားလဲတဖြည်းဖြည်း ဖွဘုတ်က ဟိုလူတွေနဲ့ တူလာပြီ။
ဖြေ - ပြောတယ်ကွာ။ ဘာဖြစ်တုန်း။ မင်းတို့ဟာက မဟုတ်သေးပါဘူး။ ငှက်ချင်းတူတူ ညမှ ထွက်ရဲတဲ့ ငကြောက်ကျတော့ လာဘ်ကောင်တဲ့။ ကျုပ်တို့က ဘာ နိမိတ်မကောင်းရအောင် နင့် ထမင်းအိုး တုတ်နဲ့ ထိုးနေလို့လား။

မေး - ဟုတ်ပါပြီဗျာ။ စိတ်မဆိုးပါနဲ့ နောက်ဆုံးမေးခွန်းလေးပဲ ဖြေပေးပါ။ ခင်ဗျားတို့ ဒီရောက်လာရတဲ့ အဓိပ္ပါယ်က ...
ဖြေ - ဘာအဓိပ္ပါယ်မှ မရှိဘူးဟေ့၊ ရောက်ချင်လို့ ရောက်လာတာ ရှင်းပြီလား။ ဒီလိုပဲ ဆောင်းခိုငှက် ဆောင်းတွင်းရောက်တယ်။ လူသူ ဝေးတဲ့ ခပ်မြင့်မြင့်တစ်နေရာမှာ တက်နားတယ်၊ ဒါကို လျှာရှည်ပြီး ထပ်မေးချင်ဦး၊ ကဲဟာ ကဲဟာ ...

ဤတွင် လဒများ လိုက်ထိုးသဖြင့် ပုဆိုးကွင်းသိုင်း ထွက်ပြေးရလေ၏။
https://www.facebook.com/photo.php?fbid=310756795703206&set=a.142704969175057.25404.100003066649195&type=1&theater

No comments:

Post a Comment