Blogger Widgets

Monday, September 10, 2012

ဦးသိန်းစိန်မှ ပြည်တော်ပြန်တို့ ကို ဘာကြောင့်မတွေ့ ခြင်း အမေးအဖြေ။


ဦးသိန်းစိန်မှ ပြည်တော်ပြန်တို့ ကို ဘာကြောင့်မတွေ့ ခြင်း အမေးအဖြေ။

 အဲ့ဒါကိုမတင်ဆက်ခင်မှာ မေးသူကျနော်ကိုဇော်နိုင်နှင့် ဖြေသူတို့ ကိုစာဖတ်သူတို့  နှင့်မိတ်ဆက်ပေးပါမည်။
ကျနော်ကို သိနှင့် ပြီးဖြစ်လို့ အထူးမိတ်ဆက်ရန်မလို တော့ပါ။
ဖြေကြားသူ ကတော့ ဦးသိန်းစိန်ရုံး အဖွဲ့ မှာတာဝန်ရှိသူပေါ့၊ရာထူးက ဗိုလ်မှူးကြီးအဆင့်။
ဇာတိ သင်္ဃန်းကျွန်းမြို့ ၊၁၆-၄ ရပ်ကွက်၊အမည် ==။ကျနော်နှင့်ကျောင်းနေဘက်။

...
မေး။ ဟေ့ မင်းတို့ သမတ ဆိုတဲ့လူက ဘယ်လို လုပ်တာလဲ မလိမ့်တပတ်နဲ့ တွေ့ မယ်ဆိုပြီး
မအားသေးဘူး ပြန်တော့ဆိုတာဘာသဘောလဲ။သမတ ကဖိတ်လို့  သွားတဲ့လူတွေလေကွာ။

 ဖြေ။တွေ့ ဘို့ ချိန်းဆိုထားတာမှန်တယ်။သမတက ဘယ်တုန်းကမှမဖိတ်ခဲ့ဘူး။ သူတို့ ဟာ သူတို့ 
ပြောနေတာ။တွေ့ ခွင့်တောင်းကြတယ်။

 မေး။ ဒါဆိုဘာလို့ မတွေ့ လဲ။
ဖြေ။ မတွေ့ ခင်မှာ ခန်းမထဲမှာစောင့်နေကြဘို့ ပြောထားတယ်။ အထဲကနေ တီဗွီနဲ့ ကြည့်နေတယ်။
သမတက အရီသန်တယ်။ ထွက်တွေ့ ပြီး တအားရီမိရင် ဒီလူတွေကို စော်ကားတယ်ဖြစ်မှာစိုးရိမ်တယ်။
မေး။လုပ်စမ်းပါဦးကွ။ဘာလို့ ရီချင်တာလဲ။
ဖြေ ။ အောင်မိုးဇော်ဆိုသူက သမတနဲ့ တွေ့ ရင် အာပုပ်စော်မနံ အောင် သူ့ အိပ်ထဲဆောင်လာတဲ့ ဆေးရည် ခဏခဏ ပါးစပ်ကို ဖြန်းတယ်။ကိုမောင်မောင်ဆိုသူက ၂မိန်စ်တခါ ခေါင်းဖြီးတယ်။ပြီးရင် သူ့ လက်ကလေးပြန်သသနေတယ်။နိုင်အောင်ဆိုသူက သူ့ တိုက်ပုံကို ခဏခစ ရေမွှေးဖြန်းနေတယ်။
မေး။ ဒါအပြစ်လာကွာ။
ဖြေ။ သမတက အရီသန်ပါတယ်ဆိုနေမှ။

 မေး။ကဲကဲဆက်ပါဦးကွ။
ဖြေ ။ ကိုထွန်းအောင်ကျော်ဆိုသူက အတော်စိတ်လှုပ်ရှားနေတယ်။တမိနစ်ကို သက်ပြင်းသုံးခါချတယ်။ထလမ်းလျှောက်လိုက် ပြန်ထိုင်လိုက် ဖြစ်နေတယ်။
မေး။ဒါမင်းတို ခုံတွေက တို သင်္ဃန်းကျွန်း တံခွန်ရုပ်ရှင်ရုံလို ကြမ်းပိုးကိုက်လို့ နေမှာပေါ့။

 ဖြေ။ဟေ့ကောင် စကားဖြတ်မပြောနဲ့ ။ဆက်ပြောမယ်။
မေး။ အေးပါကွာ။မင်းနဲ့ ကျောင်းပြေးပြီး အာရာဒန်နာ ကုလားကားကြည့်တာ သွားသတိရမိ လို့ ပါ
ဖြေ။ ကိုထွန်းအောင်ကျော် က ရှက်သွေးလေးတောင်ဖြာနေသလားဘဲ။ ဖြူတဲ့ သူ့ အသားလေးရှိတော့ ပါးလေးတွေ နီမြန်းလို့ ကွာ။

 မေး။၆၂နှစ် မုဆိုးမ ရီးစားစကားအပြောခံရတဲ့ မျက်နှာပေးလိုနေမယ်ထင်တယ်။
ဖြေ။ မနောက်နဲ့ ။ငါ ကအခုဗိုလ်မှူးကြီး ။ငယ်ငယ်ကလို မဆက်ဆံနဲ့ ။
ကိုကိုအောင်ဆိုတဲ့ ကလေးက အလှပြင် မိန်းမရှာတယောက်ပါခေါ်လာတယ်။သူနဲ့ သူ့ ကိုကိုမိုးတို့ ကို ခန်းမရှေ့ မှာ သုံးခါပြင်ခိုင်းတယ်။
မေး။ဒါလေးလုပ်မိတာနဲ့ မတွေ့ တော့ဘူးဆိုတာတော့ ဘာဆိုင်လဲကွာ။
ဖြေ။ သမတက အရီသန်ပါတယ်ဆိုနေ။
ငါဆက်ပြောတာနားထောင်။ တို့ ငယ်စဉ်ကအခေါ်ပေါ့ ။သန်းထွတ်။အခုမိုးသီးဇွန်ပေါ့။
နှင်းဆီပန်းအနီရဲရဲလေးတပွင့်ကို ကိုင်ပြီး သူ့ လက်နောက်မှာဖွက်ထားတယ်။သမတကိုပေးဘို့ ထင်တယ်။သမတ ကအရီမရပ်နိုင်လို့  မတွေ့ တော့ဘူးလို ထွက်ပြောခိုင်းလိုက်တယ်။
မေး။ လာရတဲ့ လူတွေ အားနာစရာကြီးကွာ။မင်းတို့ ကဖြောင်းဖြမပေးဘူးလား။တွေ့ လိုက်ပါ။ဘာညာကွာ။
ဖြေ။ ပြောပေးပါတယ်။ အကုန်လုံးမဟုတ်တောင် အားလုံးကိုယ်စား တယောက်တော့တွေ့ ပေးပါပေါ့။
မေး။သမတ ကဘာပြောလဲကွ .မြန်မြန်ဖြေကွာ။
ဖြေ။ ဟာ။ မဖြစ်နိုင်ဘူး။တယောက်ရွေးကြဆိုရင် သူတို့ ချင်းထနပန်းလုံးကုန်လို့  ။ငါ့ရုံးခန်းမှာ မသာတွေ အတုန်းအရုန်း ဖြစ်ကုန်မယ်။မြန်မြန်သာပြန်ခိုင်း။
ချိတ်ထားနဲ့ ဓါတ်ပုံကို သာ ကန်တော့ ပေကြတော့လို့ ပြောလိုက်ဆိုလို့ တို့ လည်း အားနာစွာနဲ့ ။ဆက်မထိုင်နေနဲ့ လို့ ပြောလွှတ်လိုက်ရတယ်။
မေး။ပြန်ကြရောလား။
ဖြေ။ အပြင်ရောက်တဲ့ ထိ လှည့်လှည့်နဲ့ ကြည့်နေ လုပ်နေကြသေးတယ်။

No comments:

Post a Comment