Blogger Widgets

Sunday, June 24, 2012

ဝန်ချတောင်းပန်ခြင်း(ဇာဂနာ၊ထိန်ထိန်)

ကိုသူရ(ခ)ဇာဂနာ၊ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ကိုအောင်(၈၈)တို့၏ ပူးပေါင်းလုပ်ကြံမှု

posted 5 hours ago by sh it
by Yuzana Aung on Saturday, June 23, 2012 at 1:33pm ·
"ကိုသူရ(ခ)ဇာဂနာ၊ဗစ်ကီိဘိုးမန်း ၏ယောက်ျားပန်းချီထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ ကိုအောင်(၈၈)တို့၏ ယူကေနိုင်ငံတွင် ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများ နှင့် မြန်မာနိုင်ငံ သူနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများအား အရှက်သိက္ခာကျစေရန် ပိပိရိရိ ပူးပေါင်းလုပ်ကြံမှုကြီး"

၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ယူကေနိုင်ငံ တွင် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်အား ဂုဏ်ပြုကြို ဆိုပွဲကြီးကို ယူကေနိုင် ငံ ဆောက် ဘန့်ခ် စန်တာရှိ ကမ္ဘာကျော် "Royal Festival Hall" ကြီးတွင် ကျင်းပခဲ့ကြပါ သည်။ အပေါ် ယံကြောမှကြည့်လျှင်အလွန်အောင်မြင်သော ကြိုဆို ပွဲကြီးအဖြစ် မြင် ရပါလိမ့်မည်။ သို့ပါသော်လည်း အတွင်းကို စိုက်စိုက်ကြည့်လိုက်ပါက ယူကေနိုင်ငံ တွင် နေထိုင်လျှက်ရှိပြီး တရားတော်များ ကို ဟောကြားပေးနေ သည့် အပြစ်မဲ့ ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများနှင့် ယူကေနိုင် ငံအပါအဝင် နိုင်ငံပေါင်းစုံ၊ ရပ်ဝေးရပ်နီးမှ လာကြသူများအားလုံးကို အရှက်သိက္ခာကျစေရန် အထက် ပါ လေးဦး ဦးဆောင်၍ အကွက်ကျကျ၊ ပိပိရိရိ ပူးပေါင်းကြံစည် လုပ်ကြံမှုကြီး ဖြစ်ကြောင်းကို ထမင်းစား၍ ကြီးသူတိုင်း တွေးတောနားလည် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည့် ပွဲကြီးတခုဖြစ်ကြောင်းကို သမိုင်းတင် စွာ သိရှိခဲ့လိုက်ကြပါသည်။

ပထမဦးစွာ ကြားသိရသော သတင်းများ၊ ဖေ့ဘုတ်နှင့်တကွ အင်တာနက်လိုင်းများအားလုံး တွင် ကျော်ကြားနေသော သတင်းများအ၇ လက်မှတ်ရောင်းကြမည်ဟုကြေငြာပြီးမှ မရောင်းတော့ ပါဖြစ် ခဲ့ကြသည်။ ထို့နောက် တီရှပ်များ၊ ရင်ထိုးတံဆိပ်များ၊ အလံများအပါအဝင် အမျိုးမျိုးသော ရောင်း စရာများ ကို ရောင်းချ၍ ရန်ပုံငွေရှာမည်၊ ဒေါ်အောင် ဆန်းစုကြည်ကို လှူကြမည်ဟု ပြောဆို သံများ ထွက် လာကြပြန်သည်။ ၄င်းနောက် အိုင်ယာလန်နိုင်ငံမှ လာမည့် ဒေါ်အောင် ဆန်းစုကြည်ကို လေဆိပ် တွင်ကြိုဆိုကြမည်၊ ပါလီမန်ထဲတွင်မြန်မာများ သွားရောက် နားထောင် နိုင်ရန် စီစဉ်လျှောက် ထားပေး မည် ဟု ပန်းပဲတန်းမြို့နယ် အမတ်ဟောင်း ဦးမောင်မောင်အောင်အပါအဝင် အထက်ပါ ဆရာကြီး လေးဦးမှ လူ ၅၀ခန့်တက်ရောက်သော အစည်းအဝေးတွင် အတိအ လင်း ကြော်ငြာခဲ့သည် ကို မြန် မာပြည် သူပြည် သား များ အဆင့်ဆင့်ကြားသိခဲ့ကြသည်။သက်သေများအပြည့်အစုံရှိကြသည်။
တကယ့်တကယ်မှာတော့ လေဆိပ်သွားကြိုသူများလဲ ညသန်းကောင်အထိအိပ်ရေးပျက်ပြီးမတွေ့ခဲ့ကြရပါ။ ထို့နောက် ၁၉ရက်နေ့၊ ဇွန်လ ၂၀၁၂ တွင် ဗီဒီယို များပေါ်ထွက်လာပြီး အထက်ပါဆရာကြီးများက တိုင်းရင်းသားအစုံအလင်မပါဝင်ပဲ၊ ခရီးပန်းလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သူမတည်းခိုရာ ဟိုတယ်၌ မနက်အစောကြီး သွားရောက်၍ စိတ်အနှောက် အယှက်ဖြစ်စေမည့် မေးခွန်းများ မေးထားတာကို ၄င်း ဗွီဒီယိုတွင်တွေ့မြငိနိုင်ခဲ့ကြပါသည်။
ထို့နောက် ထိုနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်တွင်လည်း ကိုအောင်(၈၈) ကနောက်ကွယ်မှ နေကာ၊ အမေရိကန်နှင့် ယူကေတွင် ဒီမိုကရေစီတိုက်ပွဲသစ္စာဖောက် နာမည် ဆိုးနှင့် ကျော်ကြားနေသူ၊ ကိုယ့် နာ မည်ကျော်ကြားရေးသာ အထူးဆောင်ရွက်နေသူ မောင်ဇာနည်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခပေးသော မေးခွန်းများ ကိုသာမေးမြန်းခဲ့သည်ကို ဗွီဒီယိုများတွင် ထပ်မံပါရှိလာခဲ့ပါသည်။
ထို့နောက် အောက်စဖို့ ခရီးစဉ်တွင် အထက်ပါဆရာကြီးများပျောက်နေပါသည်။ ၂၁ရက်နေ့ ဇွန်လ ၂၀၁၂ နေ့တွင် ထွက်ပေါ်လာသော သတင်းများ၊ ဗွီဒီယိုများအရ မြန်မာနိုင်ငံ၊ ဒီမိုကရေစီရရှိရေးကို စွမ်း စွမ်း တမံ၊ ကိုယ်အား ဥာဏ်အား၊ လူအား စိတ်အား၊ သားပြစ်သမီးပြစ်၊ အိုးပြစ် အိမ်ပြစ်၊ စေ တ နာ မေ တ္တာ အပြည့်အ ဝနှင့် ပြုလုပ်နေသော မြန် မာနိုင်ငံသား အများစုမှာ ဗြိတိန်နိုင်ငံ၊ ပါလီမန်မှ ကျင်း ပပေးသော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲတွင် မတွေ့ရပါပဲ၊ မိမိအကျိုးအမြတ်နှင့် လူတစု၏ အကျိုး အမြတ်ကိုသာ အထူးအလေး ထားလုပ်ဆောင်နေသော အဖွဲ့အစည်း၏ လစာစားဝန်ထမ်းများ နှင့် အထက် ပါဆရာကြီးများထဲမှ အချို့ကို တွေ့ရှိခဲ့ကြရပါသည်။
၂၂ ရက် ဇွန်လ ၂၀၁၂ တွင် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားအများစုနှင့် ဖိတ်ကြားထားသော ယူကေ ရှိ သက်ကြီးဝါကြီး ထေရဝါဒ သိက္ခာရ ဆရာတော်ကြီးများ အထူးစောင့် စားနေသော နေ့ ထူးနေ့မြတ်ကြီး ကို ရောက်လာခဲ့ပါပြီ။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လေးလေးစားစား ကြိုဆို ဂုဏ်ပြု ချင်ကြသော၊ တနည်းအားဖြင့် မတွေ့ရတာ အနည်းဆုံး ၂၄နှစ်ကျော် ကြာမြင့်ပြီဖြစ်သော မြန် မာပြည် ချစ်သူ၊ မြန်မာနိုင်ငံသူ ဒေါ်အောင်ဆန်းစုကြည်ကို အားရပါးရ တွေ့ဆုံကြရန် အမျှော် လင့်ကြီး မျှော် လင့်ခဲ့ကြသော ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူ ညီနေကြသော မြန် မာနိုင် ငံ သူနိုင်ငံသား၊ တိုင်းရင်းသားတိုင်းရင်းသူညီအကိုမောင်နှမများ အစုံအညီ သက်သေတည်ပြီးသမိုင်း ဝင်နေ့ တနေ့အဖြစ် ဂုဏ်ယူမှတ်တမ်းတင်ဖွယ်နေ့တနေ့ဖြစ်အောင် ကျင်းပပြု လုပ် ပေးနိုင် ရန် မျှော် လင့်စောင့် စားနေကြသောနေ့တနေ့လည်း ဖြစ်ခဲ့ပါသည်။
လက်မှတ်မရောင်းရတော့သဖြင့် အထွေထွေကုန်ကျစရိတ်များရှိနေပါသည်ဟု တရားဝင် အစည်းအဝေးများ တွင် အထက်ပါ ဆရာကြီးများဦးဆောင်၍ ဖွင့်ဟခဲ့ပါသောကြောင့် သဒ္ဒါတရားပြည့် ဝသော မြန် မာပြည် သူပြည်သားအများစုမှ အလှူငွေများကိုလည်း လူအများရှေ့တွင် ထည့်ဝင်ခဲ့ကြသည်ဟု သိရှိခဲ့ကြရပါသည်။ ထို ၂၂ ရက် ဇွန်လ ၂၀၁၂ ခုနှစ်၊ မနက်ပိုင်းတွင် "Royal Festival Hall"  ရှေ့တွင်ကြွရောက် လာကြသော ဗြိတိန်နိုင်ငံသားများ၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ဗြိတိန်နိုင်ငံတွင် နေထိုင်သီတင်းသုံး၍  မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသားညီအကို မောင်နှမများကိုသာမက၊ ဗြိန်တိန်နိုင်ငံသားများအပါအဝင်အခြားသော  နိုင် ငံခြားသားများကိုပါ နိဗ္ဗာန်ရောက်ကြောင်းတရားများကို စေတနာရှေ့ထား ၍ ဟောကြားပေးနေသော ထေ ရ ဝါရ သိက္ခာတော်ရ သက်ကြီးဝါကြီး ဆရာတော်ကြီးများကို၊ ထိုနေ့ ကျင်းပ မည့် အခမ်းအနားအစီအစဉ် စာရွက်ကို စံနစ်တကျ ၄င်း ခန်းမမှ ဝန်ထမ်းများက အယောက်ထိုင်းကို ဝေပေး ခဲ့ကြ ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းကြိုတင်၍ အစီအစဉ်ကို ဖတ်ထားပြီးပြီဟုသိရှိခဲ့ရ ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံရှိ ဆရာတော်ကြီးများကို ရှေ့ဆုံးတန်းတွင် ဂါဝရပြု ထားရှိ ပါ ရန် မှာကြားပြီးဖြစ်ကြောင်း ကြားသိခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်များအရ မနက်၁၀ နာရီမှ ၁၀နာရီခွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် "Prospect Burma" အဖွဲ့နှင့် ဆွေးနွှေးပွဲ ကျင်းပနေချိန်တွင် အထက်ခေါင်းစဉ်ပါ ဆရာကြီး ဇာဂနာ နှင့် ဆရာကြီး ထိန်လင်းတို့မှ ပရိသာတ်ကို အဖွင့်ကြိုဆိုမည်။ ထို့နောက် ၄င်းတို့စီစဉ်ထားသည့်အတိုင်း ဦးသီရိမောင်မောင် ဆိုင်းအဖွဲ့မှ ဒေါ်မာမာအေးနှင့် ပူးတွဲ၍ ဖျော်ဖြေမည်။ ထို့နောက် လူငယ်လေး ဇာနီကိုကိုမှ မြန်မာအမျိုးသမီးပျိုလေးများနှင့် ကပြမည်။ ထို့နောက်... ထို့နောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရအလွန့်အလွန်အရေးအကြီးဆုံးကဏ္ဍဖြစ်သော၊ ထို့နည်းတူစွာ ဒေါ်အောင် ဆန်း စုကြည် အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတိုင်းရင်းသူ ညီအကိုမောင်နှမ များ၊ ဗြိ တိန်နိုင် ငံရှိ ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများ၊ အထူးယုံကြည် လွှဲအပ်ထားသော အဓိက အရေး အကြီးဆုံးအစီအစဉ်ဖြစ်သည့်၊ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်အပြင်  မြန်မာနိုင်ငံသူ   နိုင်ငံသားများ၊ တိုင်းရင်းသားညီအကို မောင်နှမများအားလုံး ရင်ဆိုင်နေရသော ဘေး အန္တ ရယ်အသွယ်သွယ်နှင့် အထွေထွေကျန်းမာရေးများ အထူးကောင်းမွန်ပါစေရန်၊ မြန်မာနိုင် ငံတော်ကြီး ငြိမ်း ချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေရန် ဗြိတိန်နိုင်ငံရှိ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရ ဆရာတော်ကြီး များအားလုံး ဆုမွန်ကောင်းတောင်းပေးမည့် မင်္ဂလာဆုတောင်းရွတ်ဆိုပွဲ အစီအစဉ် ဖြစ်ပါသည်။
သို့ပါသော်လည်း ထိုအစီအစဉ်ပြုလုပ်ရမည့် အချိန်တွင် မတ်တပ်ရပ်လိုက်သော မြောင်းမြဆရာတော်ကြီး၊ ဆရာတော် ဦးဥတ္တရကို မျက်လုံးချင်းဆုံ၍ လျှပ်တပျက် စိုက်ကြည့်လိုက်သော အထက်ပါဆရာကြီးနှစ်ဦး လည်းဖြစ်၊ အခမ်း အနားတာဝန်ကိုလည်း ယူထားသူ ဇာဂနာ နှင့် ပန်းချီထိန်လင်းတို့သည် တရားဝင် လက် ကမ်း အစီအစဉ် စာရွက်ဝေထားသော အစီအစဉ်ပါ အရေးအကြီးဆုံးထိုကဏ္ဍကိုမျက်နှာပြောင်ပြောင် ကျော် ချသွားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ဝေထားသော အစီ အစဉ်စာရွက် ဖြစ်သည့်အပြင် ဤဗြိတိန်နိုင်ငံတွင် အစီ အစဉ် စာရွက်ဝေပေး ထားလျှင် ဤအစီအစဉ် အတိုင်းစံနစ်တကျသာတိတိကျကျအောင်မြင်အောင် ပြု လုပ်လေ့ ရှိ သဖြင့် ဗြိတိန်နိုင်ငံ သားများအပါအဝင် ဖိတ်ကြားထားသော၊ ကြွရောက်လာသော အခြားလာ အားပေးသော နိုင်ငံခြားသားများမှာ အံ့သြတကြီးဖြစ် ခဲ့ကြ သည်။ အထိကရဖိတ်ကြားထားသော ဆရာတော် ဘုရားကြီး များနှင့် မေတ္တာ ဆုတောင်းပွဲ ကို မျှော်လင့်စောင့်စားနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသား ညီအကိုမောင်နှမများမှာ ဆိုဖွယ်ရာစကားမရှိ၊ အလွန်အရှက်ရ သိက္ခာကျပြီး၊ ဆရာတော်ဘုရားကြီးများပြန်ထိုင်ချတာ တွေ့မြင်ခဲ့ကြရပြီး၊ ၄င်း အခမ်းအနားမှူး နှစ်ယောက် နှင့် အထက်ခေါင်းစဉ်ပါ ဆရာကြီး လေးယောက်၏ ပိပိရိရိ သီတင်းပတ်ပေါင်းများစွာ၊ အတူတကွ ပူးပေါင်းကြံ စည်ခဲ့ကြသည့် ဆရာတော်ဘုရားကြီးများကိုသာမက၊ ကြွရောက်လာသောမင်းပရိသာတ် ၂၅၀၀၊ မြန်မာနိုင် ငံသူနိုင်ငံ သားတိုင်း ရင်းသား ညီအကိုမောင်နှမများ အများစုကို၊ အရှက်မဲ့ စွာ နောက်ကျော ဒါး နှင့် နက်နက်ထိုးလိုက်သည့် အဖြစ်ကို မျက်ဝါးထင်ထင်၊ သမိုင်းဝင်၊ သက်သေများစွာနှင့်တကွ တွ့မြင်လိုက်ရသော နေ့တနေ့ ဖြစ်ပါသည်။
၎င်းအပြင် ဆရာကြီးဇာဂနာသည် အခြားသော မျက်လှည့်များကိုလည်း မျက်နှာပြောင်ပြောင် စင်မြင့်ပေါ် မှာ ပရိသာတ်ကို ပြသွားခဲ့ သေးသည်။ ကိုအောင်(၈၈)ကလည်း အလုပ် အထူးကြိုး စားပေးနေ သယောင်ယောင်နှင့် ဟိုပြေးဒီပြေးဖြင့် ရံပုံငွေပစ္စည်းများ ရောင်းချ၍ အမြတ်ရရှိရေးကို ၄င်းနှင့်ပါတနာ များဖြစ်သောသူများနှင့် ကြိုးစားပန်းစားရောင်းစားရေးကို လုပ်နေသည်ကို မျက်လုံးရှိသူတိုင်း မြင်ခဲ့ကြ ရသလို၊ ဤဇတ်လမ်းအစအဆုံးမှာ သူကဆရာကြီးတဆူအဖြစ် ပါဝင်ခဲ့သူကို လူတိုင်းသိရှိခဲ့ကြပါသည်။
၎င်းတို့ကတော့ထင်မည်။ သူတို့၏ ပိပိရိရိ လုပ်ကြံမှုကြီး အထူးအောင်မြင်သည်ဟု။
သူတို့မသိလိုက်သည်ကား(သို့) သူတို့ ဂရုလည်းမစိုက်သလို သိလည်းမသိလိုသော အချက်မှာကား ဆရာတော်ဘုရားကြီးများနှင့် အနယ်နယ်အရပ်ရပ်မှ ကြိုးစားပမ်းစား၊ အလုပ်ဖျက်၊ ကျောင်းဖျက် လာရောက်ခဲ့ကြသော၊ ဗြိတိန်နိုင်ငံတွင်အနေကြာပြီဖြစ်သော ဆရာဝန်ကြီးများမိသား စုများ၊ ကျောင်းသား လူငယ်ပညာတတ်များ၊ အခြားသော အထွေထွေ မေတ္တာတရားကြီးမားသူများ အားလုံးနှင့်တကွ အချို့သော ထို ဆရာတော်ကြီးများကို ကိုးကွယ်နေသည့်၊ ထေရဝါရတရားကို ၄င်းဘုန်းကြီးကျောင်းအသီးသီးတွင်း တရားသွားအားထုတ်နေကြသော နိုင်ငံခြားသား ပရိတ်သာတ်များပါ ပါးစပ်မှ ထုတ်မေးသည်အထိ၊ အဘယ့်ကြောင့်တိုင်းသိပြည်သိ ကြော်ငြာထားသော ထိုနေ့၏ အရေးအပါဆုံး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ မင်္ဂလာဆုတောင်းပွဲအစီအစဉ် သိသိသာသာကျော်ချသွားခဲ့ရသနည်း ဟု ဖြစ်ခဲ့ကြရပါ သည်။

ကဲ ဤလုပ်ကြံမှုကြီးအတွက် မည်သူတာဝန်ခံသနည်း။ ရှေ့ရှောက် ၄င်းတို့နှင့် မည်သူက အလုပ်ဆက်၍ လက်တွဲပြီး လုပ်ချင်ပါဦးမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့သလို၊ နိုင်ငံကျော် ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများကိုလည်းအသုံးချ၍ ပွဲလုပ်ပြီး နောက်ကျော ဓါး နှင့်ထိုးသော သစ္စာမဲ့ပွဲကြီးကို လုပ်နေကြဖြစ်သော ကိုအောင်(၈၈) နှင့် ထိန်လင်း၊ ဦးဝင်းနိုင်ကတော့ ဗြိတိန် တွင်နေထိုင် သူတိုင်း သိပြီး သားမို့ထားပါတော့၊  ဗြိတိန်နိုင်ငံအထိရောက်အောင်လာ၍ ပူးပေါင်း လုပ်ကြံခဲ့သော ဇာဂနာ ၏ မျက်နှာ ကိုပွဲလာသူအများစုမှာ ကြည့်တောင်မကြည့်ချင်တော့ပါ ဟုတရားဝင်ပြောကြား ခဲ့ကြောင်း ဝေ မျှလိုက် ရပါ သည်။ အသေးစိတ်သိလိုသူများ ထိုနေ့ပွဲကို တရားဝင်တက်ရောက်ခဲ့သူ ၂၅၀၀ ကိုသာဆက် သွယ်ကြည့်ကြ ပါတော့ဟု ပြောပါရစေတော့။

No comments:

Post a Comment