Blogger Widgets

Wednesday, October 29, 2014

(ကိုပါကြီးကို အလေးပြုပါတယ် ) သန့်ဇော် (သန်လျင် )

 ကျနော်အဖမ်းခံရစဉ် အောင်သပြေစစ်ကြောရေးစခန်းမှာ ထောက်လှမ်းရေးတွေက သူတို့ဖြစ်စေချင်တဲ့မမှန်မကန် ကိစ္စတွေကို ဝန်ခံဘို့ရက်ရက်စက်စက် မညှာမတာညှင်းပန်းနှိပ်စက်ကြပါတယ်။ မကျူးလွန်မှန်းသိရက်နဲ့ အတင်းအကျပ် ဝန်ခံခိုင်းပါတယ် ကျနော်ကလည်းအမှန်အတိုင်း ဒီကိစ္စကို မကျူးလွန်ပါဘဲနဲ့သေရင်သေပလေ့စေဆိုပြီး ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်ညှင်းပမ်းမှုကို ကြိတ်မှိတ်ခံနေရပါတယ် သူတို့ကလည်းနည်းမျိုးစုံသုံးပြီးနှိပ်စက်ပါတယ် ။ထောက်လှမ်းရေးတချို့က ကျနော့ကို ထွက်ပြေးဘို့ပြောပါတယ် ကျနော်သာထွက်ပြေးခဲ့ရင် ကျနော့ကိုပြေးလို့ဆိုပြီးပစ်သတ်လိုက်မယ် ပြီးရင် ဗုံးခွဲမှုဟာ ကျနော်ခွဲပါတယ်ဆိုပြီး န ဝ တ စစ်အစိုးရက သတင်းထုတ်မယ်ပေါ့ ဒါတွေဟာ ကလေးကစားကွက်တွေဆိုတာသိလို့ သူတို့စကားကိုနားမထောင်ခဲ့ပါဘူး။ကျနော့ကိုတော့ တိုးမြင့်ပြီးနှိပ်စက်ပါတော့တယ် ဝန်မခံမချင်း အတင်းရိုက်နှက်ပါတော့တယ် အဆိုးဆုံးကတော့ ကျနော့ခေါင်းကို အဆက်မပြတ်ရိုက်တာပါဘဲကျနော်ကတော်ရုံနဲ့မသေတော့ ဦးနှောက်ပျက်သွားအောင် လုပ်တာဘဲဖြစ်ပါတယ် ။ ဒါကိုသိလာတော့ နောက်ဆုံးမှာ အမှုတွဲတွေက မခံနိုင်တော့ဘဲ မလုပ်ဘဲနဲ့ လုပ်တယ်ဆိုပြီး ဝန်ခံလိုက်ပါတယ်။ အဲဒီတော့ တစ်ယောက်ထဲကျန်တဲ့ ကျနော့ကိုပိုပြီး ဖိပါတော့တယ် နောက်ဆုံးမှာတော့ အကြံရတာနဲ့ လုပ်ပါတယ်ပြောပြီး မဟုတ်တရုတ် လုပ်ဇာတ်ကြီကို အဓိပ္ပါယ်မဲ့စွာပြောလိုက်ပါတော့တယ် ။ ကျနော်သာသေသွားခဲ့ရင် ဦးနှောက်ပျက်သွားခဲ့ရင် အခုလိုပြောနိုင်မှာမဟုတ်ပါဘူး ထောင်ထဲမှာ ၂၃ နှစ်တော့ စစ်အစိုးရလက်ထက်မှာနေလိုက်ရပါတယ်။ ခုကျနော် အဲဒီအကြောင်းတွေကို ရေးသား ဖော်ထုတ်လို့ရနေပါပြီ ။ နောင်များမှ ဆက်ရေးပါအုံးမယ် (ကိုပါကြီးကို အလေးပြုပါတယ် ) သန့်ဇော် (သန်လျင် )


ကြယ်ညွှန်ရာလမ်း


29 October 2014 at 02:25


မင်းခ …ရေ…

ခုရက်ထဲ ကျွန်တော်တို့ တိုင်းပြည်မှာ ရာဇ၀တ်အဖြစ်အပျက်တခုကိုဖုံးကွယ်ချင်တာအကြောင်းပြုလို့ အလွတ်တန်း သတင်းထောက်။ စစ်မြေပြင်သတင်းထောက်။စစ်သတင်းဓါတ်ပုံဆရာ ။ ရီပိုတာ ။ ဂျာနယ်လစ်စ် ဆိုတာ ဘယ်လိုမှတရားဝင်တယ်။ဘယ်လိုဆို တရားမ၀င်ဘူး ဆိုပြီးလူတချို့ ကငြင်းခုန်လာတာ၊လမ်းလွှဲဘို့ကြိုးစားလာတာတွေ့နေရလို့ စိတ်မချမ်းမသာဖြစ်ကြရတယ်ဗျာ။ ကိုပါကြီး အသတ်ခံရတဲ့သတင်းနဲ့ဓါတ်ပုံတွေ ကျွန်တော်တို့ကွန်ယက်တွေဘက်က တက်လာတော့ အဝေးကြီးရောက်နေတဲ့ ခင်ဗျားလည်း ဒါကို သတိထားမိတယ်။သိတယ်။ အလေးအနက်ရှိနေတယ်ဆိုတာကို အဲဒီရက်က ခင်ဗျားတင်လိုက်တဲ့ သူ့ဓါတ်ပုံတပုံကနေ ကျွန်တော်ခန့်မှန်းမိတယ်။

Monday, October 27, 2014

မဲဆောက်က ကိုပါကြီးအကြောင်း


Kyaw Thame

ကိုပါကြီးဟာ တကယ့်ကို စွန့်လွှတ်စွန့်စားခဲ့တဲ့ အလွတ်သတင်းသမားတဦးပါ။ကျွန်တော်တွေ့ဖူးသမျှ၊သူလိုက်ခဲ့တဲ့ သတင်းဓာတ်ပုံတွေက မြ၀တီမြို့ရေနစ်မြုတ်တုန်းအခါက သူကိုယ်တိုင် လိုက်လံကူညီနေတဲ့ပုံတွေ၊မြ၀တီ ကယ်ဆယ်ရေးပုံတွေ တွေ့ခဲ့ဖူးပါတယ်။မဲဆောက်မှာ ကျွန်တော်တို့ ပန်းချီအဖွဲ့တွေ ပြသတဲ့ပန်းချီပြပွဲတွေလည်းသူမှတ်တမ်းယူတာ၊ဓာတ်ပုံရိုက်ကူးတာတွေ့ဆုံခဲ့ဘူးတယ်.။
၂၀၁၂ ထိုင်းနိုင်ငံကိုအောင်ဆန်းစုကြည်လာရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ၊စခန်းတွေ လိုက်တွေ့ဆုံတော့ မဲဆောက်လေယာဉ်ကွင်းကို ရောက်လာပြီး လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ထိုင်းရဲတွေ အကြီးအကျယ် အစောင့်ချထားပြီး လေဆိပ်ကိုမြန်မာတွေနဲ့အပြင်လူတွေ မပေးဝင်ဘူး။ထိုင်းသတင်းစာဆရာတွေဘဲ

Friday, October 24, 2014

စနေသား တန်းစီးကြီးပြောတဲ့ “ ဘာဆိုလားပဲ လူတန်းစား ”

အင်းစိန်ထောင်ကြီးထဲမှာ လူချစ်လူခင်များတဲ့ စနေသားတန်းစီးကြီးတစ်ယောက်ရှိခဲ့
ဖူးတယ်၊ သူပေးဆပ်စရာတွေပေးဆပ်ပြီး လွတ်လာတော့ သူ့ထောင်တွင်း အတွေ့အ
ကြုံတွေ ဇာတ်လမ်းပေါင်းစုံတွေကို ညည လက်ဖက်ရည်ဆိုင်ထိုင်ပြန်ပြောပြတာနား
ထောင်ခဲ့ရဖူးတယ်၊ ခုတော့ သူလဲဆုံးပါးသွားရှာပါပြီ။
သူ့အတွေ့အကြုံတွေထဲက “ ဘာဆိုလားပဲ လူတန်းစား ” ထောင်တွင်းအသိုင်းအဝိုင်း
အကြောင်း အလွန်စိတ်ဝင်စားစရာကောင်းတယ်၊ အ.က.စ လို့ခေါ်တဲ့ အကျဉ်းဦးစီးဌာ
နရဲ့ ဝန်ထမ်းတွေ ဘဝမဖူလုံလို့ အကျဉ်းသားတွေဆီကတောင်းစားနေရတာတွေ၊ အ
ကျဉ်းသားတချို့ကို ကိုးကွယ်ကြရတာတွေထဲကမှ ရွှေနားကွပ် အိန္ဒိယမိတ်ပိတ်ဖြူပုဆိုး

Saturday, October 18, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၂)

နော်ဝေးစကား သင်ဖို့လိုအပ်ပါသလား
သက်တန်းကုန်သွားတဲ့ မြန်မာစာအုပ်အတုတွေကိုပြန်အပ်၊ ဒီနိုင်ငံကထုတ်ပေးတဲ့ နော်ဝေးမှာနေထိုင် ခွင့် ယာယီစာအုပ်တွေကိုင်ပြီဆိုတော့ လိုလိုမယ်မယ် နော်ဝေးစာ သင်ထားမှဖြစ်မယ်လို့ စိတ်ကူး ပေါ်လာပါတယ်။ အဲဒီလို စိတ်ကူးပေါ်လာတဲ့အချိန်ဟာ ၂၀၀၄-၂၀၀၅ ခုနှစ်ဖြစ်တဲ့အတွက် ဒီနိုင်ငံကို ရောက် ပြီး ၅ နှစ်ကြာမှ စိတ်ကူးပေါ်လာတဲ့သဘောပါ။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ နော်ဝေးစကား မတတ်ပဲ နော်ဝေးမှာ ၅ နှစ်လောက်နေပြီးမှ ဒီလိုစိတ်ကူးပေါ်လာတာပါ။

(၂၀၀၇ ရွှေဝါရောင်တော်လှန်ေ၇းကာလ အော်စလုံးရုံးမြင်ကွင်းတခု)

ဒါဟာ သူ့စကားမတတ်ရင် ဘယ်လိုမှ နေလို့မဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေးနိုင်ငံကြား အဓိကကွာခြား ချက်လို့ကျနော်ထင်ပါတယ်။ တကယ်တော့ ဖြတ်သွား၊ ဖြတ်လာနဲ့ ၅ နှစ်လောက်နေခဲ့ဖူးတဲ့ ထိုင်း နိုင်ငံ ကိုခဏထားပါဦး။ ၁၉၈၈ ခုနှစ် စက်တင်ဘာလကနေ ၁၉၉၇ နှစ်ကုန်ပိုင်းအထိ ၁၀ နှစ်နီးပါးနေခဲ့ဖူးတဲ့ ကရင်ဒေသမှာလဲ ကရင်စကားမတတ်ရင် ရေရှည်နေဖို့ ဘယ်လိုမှမလွယ်ပါ။

အာဏာရှင်ကို ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် – ကိုရင်မောင်

မ-ဆ-လ ဦးနေ၀င်း အစိုးရကို တပ်မတော် လူငယ်အရာရှိများ စုစည်းပူးပေါင်းကာ ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် ကွယ်လွန်ခဲ့သည်မှာ ယခုအခါတွင် နှစ်ပေါင်း ၃၈နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ယခုခေတ် လူငယ်များသည် ဗိုလ်ကြီး အုန်းကျော်မြင့်အား သိရှိသူ နည်းပါးမည် ဖြစ်ပါသည်။ ယနေ့ လူငယ်များ သိရှိရန် အတွက် ဗိုလ်ကြီးအုန်းကျော်မြင့်၏ အာဏာရှင်စနစ်ပေါ်တွင် ဖြုတ်ချရန် အားထုတ်မှုကို ရေးထားဖော်ပြလိုက်ရပါသည်။ ကျွန်တော်သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်စဉ် ကာလက ခင်မင်ရင်းနှီးခွင့် ရရှိခဲ့ပါသည်။

Thursday, October 16, 2014

ကိုမြစိန်(ခ)ကိုသန်းညွန့် 



၁၉၈၉မှ ၉၅ အထိ သင်္ဃန်းကျွန်း NLD မြို့ နယ်လူငယ်အဖွဲ့ ဝင်တစ်ယောက်အဖြစ်နိုင်ငံရေးတွင်စတင်ပါဝင်ခဲ့။
၁၉၉၅ မှ ၉၈အထိဒေါ်အောင်ဆန်းစုကြည် ခြံတွင်းလုံခြုံရေးတွင်ပါဝင်တာဝန်ယူခဲ့။
၉၈လွှတ်တော်ခေါ်ယူရေး၊CRPPထောက်ခံရေးစာရွက်စာတမ်းများဧရာဝတီတိုင်းတွင်ဖြန့် ဝေမှု ဖြင့်၉၈ သြဂုတ်လတွင် ထောင် ၂၁ နှစ်ကျခဲ့။
၂၀၀၃ ဖေဖော်ဝါရီတွင်ပြန်လည်လွတ်မြောက်လာပြီးမဲဆောက်ရှိနိုင်ငံရေးအင်အားစုများနှင့်
သွားရောက်ဆက်သွယ်၍ပြည်တွင်းနှင့်မဲဆောက်ကူးချဉ်သန်းချဉ်
လုပ်ကာနိုင်ငံရေးလှုပ်ရှားမှုများကို ၂၀၀၇ထိလုပ်ဆောင်ခဲ့။
ထို့ နောက်အဖြူရောင်ကမ်ပိန်း၊လောင်စာဆီဈေးနှုန်းကျဆင်းရေးစသည့်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့်ထောင်ထဲတွင်တလခန့် ဖမ်းဆီးခံခဲ့ရ။
ထောင်မှလွတ်မြောက်ပြီးမဂ္ဂင်ကျောင်းပြန်လည်ထူထောင်ရေးပါဝင်လုပ်ဆောင်နေစဉ်
ထောက်လှမ်းရေးမှ
ဖမ်းဆီးရန်ကြိုးစားမှုကြောင့်ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့။
ထို်င်းသို့ ရောက်ရှိပြီးနောက် သင်္ဃန်းကျွန်းလူငယ်များ အားထိုင်းနိုင်ငံသို့ ခေါ်ယူ၍ သင်တန်းပေးကာ၂၀၀၈ အခြေခံဖွဲ့ စည်းပုံဆန့် ကျင်ရေးလှုပ်ရှားများတွင်ကိုလုပ်ဆောင်ခဲ့။
၂၀၀၈နှစ်ကုန်ပိုင်းတွင်အမေရိကန်နိုင်ငံသို့ ရောက်ရှိ။
၁၂ ရက် အောက်တိုဘာ၂၀၁၄ နေ့ လည်၁၁ နာရီခန့် တွင် ရုတ်တရက်ကွယ်လွန်။

(ထောင်ဝင်အမှတ် ၄၄၆၇ စီ)


-ခရမ်းပြာ
အနုပညာဝင်စားမှုတဒင်္ဂဟာ
လောကနိဗ္ဗာန်ပါ....
-ငါ..မင်းကိုစွဲတဲ့စိတ်နဲ့
အိပ်ရာမနိုးထခဲ့ပေါင်းများပေါ့,,,,,,
-၁၀ပေပါတ်လည် အခန်းကျဉ်းလေးထဲ.....
မင်းကိုရူးသွပ်ခဲ့တဲ့ညတွေကိုလွမ်းတယ်,,, ခရမ်းပြာ..........
YWZ(4.6.2006)

Tuesday, October 14, 2014

သမိုင်းမှတ်ကျောက်

(1)
သမဂ္ဂစိတ်ကို ဖျောက်ဖို့
သမဂ္ဂအဆောက်အဦးကိုဖယ်
ကျောင်းသားတွေရဲ့ မြင်ကွင်းကပျောက်ကွယ်စေခဲ့...
 

(2)
သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း
သမဂ္ဂရဲ့ အခန်းမှာ ဖြစ်သလိုအိပ်စား
အဲဒိမှာနိုင်ငံရေးသမား အဖြစ်ထုံကူး
လွတ်လပ်ရေးအိမ်မက်တွေ မက်ဖူးတယ်..
 

(3)
ဘယ်တော့ဘဲဖြစ်ဖြစ်
ကောက်ကျစ်မှုကို တွန်းလှန်
အမှန်တရားအတွက် အသက်ပေး
ပြည်သူတွေနဲ့ တသွေးထည်းပေါင်းရန်
ဒေါင်းအလံနဲ့ ကျောင်းခြံရဲ့အပြင်ကိုထွက်သာကျောင်းသား
မတရားမှုမှန်သမျှ ငုံ့မခံ 
တုန့်ပြန်တတ်တာ သမဂ္ဂစရိုက်
ဘယ်ဒိုင်းနမိုက်နဲ့ခွဲခွဲ
မလဲမပြို ထာဝစဉ်
ရာဇဝင်အဆက်ဆက်
သမဂ္ဂရဲ့ အသက်ဝိညာဉ်
ရင်မှာငြိစွဲ ပူးကပ်ဆဲမို့
ခွပ်မြဲ ခွပ်နေ ဒေါင်းအိုးဝေ...
 

(4)
မြင်ကွင်းက ဖျောက်လိုက်တိုင်း
သမိုင်းမှာ မမှိန်မပျောက်
အဲဒိမှာ သမဂ္ဂအဆောက်အဦး
အာဇာနည်တွေ ဝတ်မှုန်ကူးတဲ့နေရာ
အာဏာရှင်စနစ်ရဲ့ ပြယုဂ်တပိုင်းတစလို့
(ကမ္ဘ္ဘ္ဘာတည်သ၍)
သမိုင်းက မှတ်ကျောက်တင်လိမ့်မယ်...

ပုတီးကုန်းမောင်စိန်ဝင်း

Sunday, October 12, 2014

တန်ပါတယ် ကိုရီးမြရာ

ထိုင်ခုံပေါ်မှာ
ကျနော် ငုပ်တုတ်ထိုင်နေတယ် ကိုရီးမြ
ဒီနေ့တော့ ကိုရီးမြအိပ်ယာဝင် နဲနဲစောသွားတယ်
အဲလိုပဲ ကျနော်ထင်တယ်
အသစ်မဝယ်ပဲ
ထမင်းဇလုံတလုံးကို
တယောက်တလှည့် စားခဲ့ကြတယ်
ဘာဆို
ဘာမှကို မလိုအပ်သလောက်ဘဲ
တန်ပါတယ် ကိုရီးမြရာ
ကျနော်တို့မှာ
တလောကလုံးကို ထိုင်ထိုင်ပြီးသရော်ဖြစ်တဲ့ညတွေ
နည်းမှ မနည်းတာ ။
AMT

နိုင်ငံရေးအကျဉ်းသားဟောင်းကိုမြစိန်ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း၊NLD အဖွဲ့ ဝင်ကိုမြစိန် ၁၂ရက်၊အောက်တိုဘာ ၂၀၁၄ တွင် Buffalo,New York ၌ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။
ကိုမြစိန် ကောင်းရာသုဂတိလားပါစေ.......
လင်္ကာ

Wednesday, October 8, 2014

ကိုတင်အေးကြူ – ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်

October 9, 2014
ခင်မောင်တိုး ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁) တေးစု သွင်းစဉ်၊ ဓာတ်ပုံမျှဝေသူ – ခင်ဆွေဝင်း (ပန်းချီ)
ကိုတင်အေးကြူ  – ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်
(မာယာအွန်လိုင်း မဂ္ဂဇင်း) အောက်တိုဘာ ၉၊ ၂၀၁၄
ဂီတမှာ လူမျိုးကန့်သတ်ချက်မရှိဘူး….။.
[သမဂ္ဂလက်ဖက်ရည်ဆိုင်မှာ ကိုဗဟိန်းက ဒဂုန်တာရာကို ပြောတဲ့စကား]
ကုန်းဘောင်ခေတ်၊ ဘကြီးတော်ဘုရားလက်ထက်၊ ပြင်စည်မင်းသားကြီးတို့ ခေတ်ကတည်းက ယိုးဒယား(ထိုင်း) သံစဉ်ကို ဘုရင့်အမိန့်နဲ့ ဗမာစာ သွင်းဆိုခဲ့ဖူးတဲ့ ဗမာကော်ပီခေတ် စခဲ့တာကို မသိ၊ ဗမာ့ရိုးရာဂီတရဲ့  အခြေခံ သံစဉ်ဟာ (၇) သံလား၊ (၅) သံလား မကွဲပြား။  ရိုးရာဂီတနဲ့ နိုင်ငံတကာဂီတ ပေါင်းစပ်ပြီး ဂီတသစ် ဖန်တီးနေကြတဲ့ လူငယ်တွေရဲ့ တိုးတက်မှုကို နားမလည်။  သစ်ဆွေးတုံးကို ဖက်ပြီး နိုင်ငံခြား မုန်းတီးမှု အစွဲအလမ်းကြီး သူများက ဂစ်တာသီချင်း(စတီရီယိုသီချင်း) ကို လမ်းသရဲသီချင်း ဆိုပြီး အပြတ်နှိပ်ကွပ် ခဲ့ကြတယ်။
ကိုတိုးလည်း အဲဒီဒဏ်ကို အလူးအလဲ ခံရတာပါ။  မပွင့်ပန်း။  တေးမြုံငှက်။  ၇၄ အခြေခံဥပဒေ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုမှာ  အောင်ကိုလတ်  ရဲ့ “မဲရုံဆီသွားကြစို့” သီချင်းကြောင့် ဂစ်တာရဲ့ အသုံးဝင်ပုံကို သိသွားပြီး အသုံးချလို့ အားရမှ စတီရီယိုလောကဟာ အတန်ငယ် အသက်ရှူချောင်လာတာပါ။

Thursday, October 2, 2014

ယင်းမာပင်ခရိုင်တရားရုံး သို့ မဖြူနှင်းထွေး ရုံးထုတ် မြင်ကွင်း

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို
ယင်းမာပင်မြို့မ ရဲစခန်းရှေ့ ဆန္ဒဖော်ထုတ်စဉ် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို မှ ကဗျာရွတ်ပြီးနောက် သဘောထား ပြောကြားနေစဉ် ။
၃၀-၉-၂၀၁၄
သတင်းနှင့်ပြန်ကြားရေး
ဗဟိုလုပ်ငန်းကော်မတီ
ဗကသများအဖွဲ့ချုပ် ။

Saturday, September 13, 2014

ရဲဘော် မောင်မောင်တိတ်


ရဲဘော်စိတ်…ဟူသည်


မိမိတို့နှလုံးသားထဲတွင် စွဲထင်နေသည်က ရဲဘော်စိတ် ပင်ဖြစ်သည်။

ရဲဘော်ရဲဘက်စကားနှစ်လုံးသည် မိမိတို့ဘ၀တလျှောက်လုံးတွင် တန်ဖိုးထားခြင်း မြင့်မားနေဆဲပင်။ ၁၉၂၀ မှ ဖက်ဆစ်တော်လှန်ရေး … လွတ်လပ်ရေးရသည်အထိ သမိုင်းမှတ်တမ်းများ ကြားခဲ့ရသော မျိုးချစ်တော်လှန်ရေးသမားကြီးများ၏ အတွေ့အကြုံများ၊ နှုတ်ဖျားတို့တွင် ၄င်း၏အဓိပ္ပါယ်မှာ နှစ်လုံးသားကို ထိခိုက်လွန်းသည်။ ကြေကွဲဝမ်းနည်းစရာ၊ စွန့်လွှတ်ဖြတ်သန်းမှု ဖြစ်စဉ်များတွင် စိတ်ဓါတ်ခွန်အားတိုးသည့် ဆေးများဖြစ်ခဲ့သည်။ သမိုင်းပေးတာဝန်များ၊ ၀တ္တရားများ၊ သစ္စာတရားများနှင့် စောင့်ထိန်းလာခဲ့ရသည့် ကျင့်ဝတ် ကျင့်စဉ်များဟု ယုံကြည်ခံယူ မိပါသည်။

ပဒေသရာဇ်ခေတ်က ရဲမက်များ၏ သစ္စာတရားများလည်း ဖြစ်ပေလိမ့်မည်။ ဤတန်ဖိုးထားသည့် တော်လှန်ရေးခွန်အား သတ္တိများ၏ အဓိပ္ပါယ်လေးနက်မှုတို့တွင် စစ်အာဏာရှင် ကြီးစိုးလာသော ခေတ်များတွင်မှ အနှစ်သာရတို့ ဖျက်ဆီးခံခဲ့ရသည်။ လေးနက်မှုများ စော်ကားခံခဲ့ရသည်ဟု မိမိတို့ ခံစားမိတော့သည်။